
ရန်ကုန် နိုဝင်ဘာ ၂၅
ရန်ကုန်မြို့ အလုံမြို့နယ်အတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့ ညနေပိုင်းက အသေးစား ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က အဆိုပါရုံးဝင်းအတွင်းရှိ စုပေါင်းရုံးတည်ရှိရာဌာန တစ်ခု၏ မြေညီထပ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် အခြားနေရာတစ်ခုမှ ထပ်မံပေါက် ကွဲခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်ပွားရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရှင်းလင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကနဦးသတင်းများ အရသိရသည်။
''တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဂိတ်ပေါက်နားမှာ တော့ မိုင်းရှင်းလင်းရေးအဖွဲ့က ပစ္စည်းကိရိယာတွေနဲ့ အတူ မိုင်းရှာတဲ့ခွေးတွေနဲ့ ရှာဖွေမှုတွေလုပ်နေတာကို တွေ့ရတယ်။ စီအိုင်ဒီအဖွဲ့တွေလည်း ကားတွေနဲ့ဝင်သွား တာတွေ့တယ်။ ကျွန်တော်တို့ရောက်ပြီးတဲ့အချိန်မှာတော့ ပေါက်ကွဲတဲ့အသံ မကြားရပါဘူး''ဟု အဆိုပါဖြစ်ပွားမှုကို အနီးရှိ လာရောက်လေ့လာသူ ကိုကျော်က ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် အဆိုပါ ဝင်းအတွင်း၌ သက်ဆိုင်ရာက ည ၉ နာရီအချိန်ခန့်အထိ ဆက်လက် ရှာဖွေရှင်းလင်းမှုများ ပြုလုပ်လျက်ရှိသည့်အပြင် ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ထို့အပြင် သတင်းမီဒီယာသမားများအနေဖြင့်လည်း ပေါက်ကွဲမှုဖြစ်စဉ်အား သိရှိသော်လည်း သက်ဆိုင်ရာမှ တရားဝင်ပြန်လည်ဖြေကြားခြင်းမရှိသည့်အတွက် ည ၉ နာရီကျော် အချိန်အထိ အဆိုပါရုံး၏ ဝင်ပေါက်အနီး၌ သတင်းရရှိရေးအတွက် စောင့်ဆိုင်းလျက်ရှိကြောင်း သိရ သည်။
''ကျွန်တော်တို့ ညနေ ၆ နာရီဝန်းကျင်လောက်က တိုင်းရုံးအဝင်ဂိတ်ပေါက်ကိုရောက်တယ်။ ဒီမှာရောက်နေ တဲ့ သတင်းသမားတွေကို သက်ဆိုင်ရာက အတည် ပြုတာတော့မရှိသေးဘူး။ ကြားရသလောက်တော့ ပေါက် ကွဲမှုနှစ်ကြိမ်ဖြစ်တယ်လို့တော့ကြားတယ်။ ဘယ်နေရာမှာ ဘယ်လို ပေါက်ကွဲမှုဖြစ်သွားတယ်ဆိုတာမျိုးကိုတော့ မသိရသေးပါဘူး။ တကယ်ဆိုရင် တစ်ယောက် ယောက်က ထွက်ပြီးရှင်းပြသင့်တာပေါ့''ဟု အဆိုပါရုံး ၏ အဝင်ဂိတ်ပေါက်အနီးတွင် သတင်းစောင့်ယူနေသည့် သတင်းသမားတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ပေါက်ကွဲမှုများမဖြစ်ပွားစေရန် ကြိုတင် ကာကွယ်သည့်အနေဖြင့် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် နယ်မြေရဲစခန်းမှူးနှင့် အဖွဲ့သည် ယနေ့ည ၈နာရီခွဲခန့်က သမိုင်းလမ်းဆုံအနီးရှိ လူစည်ကားသည့်နေရာနှင့် CITY MART အနီးရှိ အမှိုက်ပုံးများနှင့် မသင်္ကာသည့်နေရာ များကို စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇော်ကြီး(ပဏီတ)
No comments:
Post a Comment