Monday, October 31, 2016

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံShan Xi ပြည်နယ်ရှိ ဗုဒ္ဓမြတ်စွာဘုရား၏ လက်ရိုးတော်အား ဖူးမြော်ကြည်ညို



 
 
နေပြည်တော် အောက်တိုဘာ ၃ဝ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့အား ယမန်နေ့ညကShan Xi ပြည်နယ် စစ်ဒေသမှူးMaj. Gen. Gao Longfu က Xian မြို့Hyatt Regency ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Xian မြို့တွင်းရှိTang Le Gong ကပွဲရုံသို့ သွားရောက်ပြီးTangမင်းဆက်ခေတ် ကာလ အဆိုအက ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များအား ကြည့်ရှုအားပေး ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင်Shan Xi ပြည်နယ်Bao Ji မြို့ရှိ စင်္ကြာမုနိ လက်ရိုးတော်ဘုရား(Fa Man
Si)သို့ သွားရောက်ပြီး ဗုဒ္ဓရုပ်ပွားတော် မြတ်နှင့် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ရိုး တော်အား ဖူးမြော်ကြည်ညိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ရှီအန်းမြို့မှ ပေကျင်းမြို့သို့ အထူး လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိပြီး သံရုံးဧည့်ခန်းမ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသား များ၊ သံရုံး/စစ်သံရုံးမိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားကာ အမှတ်တရပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ အား သံရုံးမိသားစုများက ညစာဖြင့် တည်ခင်းဧည့်ခံသည်။ (သတင်းစဉ်)

No comments:

Post a Comment