Monday, October 31, 2016

စာပေပရိယတ္တိသင်ကြားလျက်ရှိသော တိုင်းရင်းသား၊ တိုင်းရင်းသူ သာမဏေ၊ သီလရှင်များအား စားသောက်ကုန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း



 
 
 
နေပြည်တော် အောက်တိုဘာ ၃ဝ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ရန်ကုန်တိုင်း ဒေသ ကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ကျောင်းများဖြစ်သည့် ကလေးဝတောရ၊ ပိတောက်ရွှေဝါ၊ ရတနာ့ ဗိမာန်ကျောင်းများ၌ စာပေပရိယတ္တိသင်ကြားလျက်ရှိသော နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးစု ၂၂ စုမှ သာမဏေ၊ သီလရှင်၊ ကျောင်းသား၊ကျောင်းသူများအတွက် ၁၉၉၃ ခုနှစ် မှစတင်၍ ၂ဝ၁၆ ခုနှစ် ယနေ့အထိ လစဉ် ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့သည်မှာ ၂၃ နှစ် ရှိခဲ့ပြီးဖြစ်သည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါစာသင်တိုက်များသို့ ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲကို နာဂလိုဏ်ဂူရှိ ကလေးဝတောရစာသင်တိုက်၌ ကျင်းပရာ နိုင်ငံတော်သြဝါဒါ စရိယ ဒွိပိဋကရ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ရွှေတိဂုံစေတီ တော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ကလေးဝဆရာတော် လယ်တီဘဒ္ဒ္တဇာဂရာဘိဝံသက အနုမောဒနာတရားတော်ကို ဧည့်ပရိသတ်များအား ချီးမြှင့်တော်မူပြီး နယ်စပ်ရေးရာဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ဆရာတော်များထံ ဆန်၊ ဆီ၊ ဆား၊ ပဲများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
လှူဒါန်းရာတွင် မရမ်းကုန်းမြို့နယ် ပရိယတ္တိစာသင်တိုက် သုံးကျောင်းရှိ တိုင်းရင်းသား၊ တိုင်းရင်းသူ သာမဏေ၊ သီလရှင်၊ ကျောင်းသား ကျောင်းသူ ၁၅၆၅ ဦးအတွက် ဆန် ၂၄၃ အိတ်၊ ဆီ ၂၃၅ ပိဿာ၊ ဆား ၂၃၅ ပိဿာ၊ ကုလားပဲ ပိဿာ ၄၇ဝ တို့ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment