Monday, October 31, 2016

တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်မြဲဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ အစိုးရက ဖန်တီးပေးဖို့ လိုပါတယ်

သတင်းဆောင်းပါး- မင်းသစ်(သတင်းစဉ်)၊ ဓာတ်ပုံ-နေလင်း

''ဒီရွာမှာ မွေး၊ ‘ဒီရွာမှာ ကြီးပြင်းခဲ့တယ်။ ဒီဒေသကနေ ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ဖြစ် နေရပ်ကို စွန့်ခွာမသွားဘူး'' လို့ မောင်တောခရိုင်အတွင်းရှိ ဖားဝပ်ချောင်း ကျေးရွာသား အသက် ၆၅ နှစ်အရွယ် ဦးမောင်မြစိန်က ပြောပါတယ်။
''မောင်တောနဲ့ ရသေ့တောင်ဒေသ တွေမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ သတင်းကြားတဲ့အချိန်မှာပဲ ဒေသခံတွေ က စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော မြို့တွေကို ကြောက်ရွံ့ထိတ်လန့်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတယ်။ ကျွန်တော်ကတော့ ကြောက်ရွံ့မှုဖြစ်ခဲ့ ပေမယ့် ရွာကနေ ထွက်မပြေးခဲ့ဘူး'' လို့ ¤င်းက ပြောပါတယ်။
''လက်ရှိအချိန်မှာ နယ်မြေတည်ငြိမ် အေးချမ်းလာပြီ ဖြစ်သော်လည်း ကြောက်ရွံ့ထိတ်လန့်မှုက ရှိနေဆဲဖြစ်တဲ့ အတွက် လယ်ယာလုပ်ငန်းခွင်နဲ့ တခြား လုပ်ငန်းတွေလုပ်ဖို့ အခက်အခဲရှိနေသေး တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

''အောက်တိုဘာ ၉ ရက်က ဖြစ်ပွား ခဲ့တဲ့အကြမ်းဖက်မှုကို စုံစမ်းလေ့လာဖို့ အတွက်လည်း ရခိုင်ပြည်နယ်လွှတ်တော် ကနေ အောက်တိုဘာ ၂၄ ရက်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးပါဝင်တဲ့ စုံစမ်းရေးကော်မတီကို ဖွဲ့စည်း ခဲ့တယ်'' လို့ စုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပါတယ်။
''ပထမအချက်က အကြမ်းဖက်မှုက နေ ကြောက်ရွံ့ထိတ်လန့်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေကို မောင်တော၊ စစ်တွေ၊ ဘူးသီးတောင်မြို့နယ်တွေမှာ တွေ့ရတယ်။ နေရပ်ပြန်ဖို့ အခက်အခဲ ရှိနေကြတယ်။ စိုးရိမ်ကြောင့်ကြမှုများ နေကြတယ်။ အကြမ်းဖက်သူတွေ လက်ထဲမှာ သေနတ်တွေပါသွားတဲ့ အတွက် ကိုယ့်နေရာ၊ ကိုယ့်ဒေသကို ပြန်ဖို့ အတော်လေး စိုးရိမ်နေကြတယ်'' ဟု စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါ တယ်။
အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ပိုင်း အကြမ်းဖက်သူတွေကို ဖမ်းဆီးရမိ ဖို့နဲ့ ပါသွားတဲ့လက်နက်တွေ ပြန်ရဖို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက အပူတပြင်း ဆောင်ရွက်နေပြီး ကျေးရွာ တွေမှာလည်း လုံခြုံရေးကို ယခင်က ထက် တိုးမြှင့်ချထားတယ်လို့ တာဝန်ရှိ သူတွေထံမှ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်က မောင်တောမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံတွေနဲ့တွေ့ဆုံရာမှာ ရဲမှူးချုပ် သူရစန်းလွင်က“''ကိုယ့်ရွာကိုကာကွယ် ဖို့ သင်တန်းတွေပေးသွားမယ်။ ဥပဒေ နဲ့အညီ၊ နိုင်ငံတကာစည်းမျဉ်းနဲ့အညီ သင်ကြားပေးသွားမယ်။ လက်နက်ကိုင်ပြီး လုပ်ချင်တိုင်းတော့ လုပ်လို့မရဘူး'' လို့ ပြောပါတယ်။

ဒေသအခြေအနေကို ကျီးကန်းပြင် ဌာနချုပ်သွားရာလမ်းရှိ လောင်းလုံရွာမှ ဒေါ်အေးအေးခိုင်က“ ''အကြမ်းဖက်မှု ကြောင့် ပြေးလည်း မပြေးဘူး။ ပြေးဖို့ အတွက် ပိုက်ဆံလည်းမရှိဘူး။ ကြောက် ကြောက်နဲ့ပဲ နေရတယ်။ အနီးအနား မှာရှိတဲ့ ဘာသာခြားရွာတွေမှာ ယောက်ျားတွေ မရှိကြဘူး။ မိန်းမနဲ့ ကလေးတွေပဲရှိကြတယ်။ ယောက်ျား တွေက သဲချောင်းဘက်သွားကြတယ်''ဟု ပြောပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်မှု ဖြစ်ပွားရာဒေသတွေက စာသင်ကျောင်း တချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း စာသင်ကျောင်းအများစုက ပိတ်ထားရဆဲ ဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရ ပါတယ်။
အကြမ်းဖက်မှု ဖြစ်ပွားစဉ်အခါက အကြမ်းဖက်သူတွေကို ဖမ်းဆီးအရေးယူ ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ တပ်မတော်တပ်ဖွဲ့ဝင် တွေသွားရာ လမ်းတစ်လျှောက်မှာ သစ်ပင်ကြီးတွေကိုခုတ်လှဲပြီး သူတို့ နောက်လိုက်လို့မရအောင် ဆောင်ရွက် ထားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရ ပါတယ်။
''စုံစမ်းရေးကော်မတီ သွားရောက် စစ်ဆေးတဲ့အခါ ဖြစ်စဉ်ဖြစ်ပွားရာ သွားရာလမ်းတစ်လျှောက်မှာတော့ အစ္စလာမ်ဘာသာဝင်တွေနေတဲ့ ကျေးရွာ တွေမှာရှိတဲ့ နေအိမ်တွေမှာ အမျိုးသမီး တွေနဲ့ ကလေးတွေပဲတွေ့ရပြီး ယောက်ျား သားတွေကို မတွေ့ရဘူးလို့ပြောပါတယ်။ နောက်ပြီး မနက်နဲ့ နေ့ခင်းပိုင်းတွေမှာ လူမရှိဘဲ ညနေစောင်းမှ ရောက်လာ တယ်'' ဟု စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
ကျီးကန်းပြင်ဌာနချုပ်အနီးမှာရှိတဲ့ ဝါးပိတ်ကျေးရွာဟာ အစ္စလာမ် ဘာသာဝင်တွေနေကြပြီး တချို့ အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်တယ်။ သူတို့ကိုယ်တိုင် ကိုယ့်ရွာကိုလည်း မီးရှို့ထားပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မီးရှို့ထားသယောင် ဖန်တီးထားတယ်လို့ စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါ တယ်။
မောင်တောမြို့နယ် ကျေးရွာများမှ ဒေသခံများနှင့်တွေ့ဆုံစဉ် ရဲမှူးချုပ် သူရစန်းလွင်က ''တပ်မတော်၊ ရဲတပ်ဖွဲ့ဝင် တွေဟာ တပ်ကချမှတ်ထားတဲ့ ဥပဒေ ကိုလိုက်နာရသလို အရပ်ဘက်ဥပဒေ ကိုလည်း လိုက်နာရပါတယ်။ လက်နက် ကိုင်ထားသော်လည်း လုပ်ချင်သလို လုပ်လို့ မရပါဘူး။ ဥပဒေမဲ့ ပြုမူ လုပ်ကိုင် ရင် ဥပဒေနဲ့အညီ အရေးယူပါတယ်''ဟု ပြောပါတယ်။

''အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် က ဘာကိုဖော်ပြသလဲဆိုရင် ရည်မှန်း ချက်ရှိရှိနဲ့ လုပ်ခဲ့တယ်ဆိုတာ ဖော်ပြ နေတယ်။ ရေရှည်စီမံကိန်းနဲ့လုပ်ပြီး တစ်ပြိုင်နက်တည်း ဌာနချုပ်စခန်းတွေ ဝင်စီးခဲ့တယ်ဆိုတဲ့ သဘောရှိတယ်'' ဟု စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါ တယ်။
အကြမ်းဖက်သမားတွေရဲ့ နောက် ကွယ်မှာ RSOတွေနဲ့ ဆက်စပ်နေတယ်။ ပြည်ပထောက်ပံ့မှုတွေ ရှိနေတယ်။နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေ တယ်။ သူတို့မှာ ရည်ရွယ်ချက်ရှိတယ်။ ရိုဟင်ဂျာဆိုတဲ့လူမျိုးတစ်မျိုးကို ဖန်တီး မယ်။ ရိုဟင်ဂျာနယ်မြေတစ်ခုဖန်တီးမယ်။ ခေတ်အဆက်ဆက်ကလည်း ကြိုးပမ်းခဲ့ တယ်။ ရိုဟင်ဂျာဆိုတဲ့ အသိုင်းအဝိုင်းကို မြန်မာနိုင်ငံက အသိအမှတ်မပြုခဲ့လို့ တိုက်ခိုက်ရေးဘက်ကို ဦးတည်လာတာ ဖြစ်တယ်လို့ စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
''အခုဖြစ်တဲ့ပြဿနာက ဒီဒေသမှာ ရှိတဲ့ လူ့အဖွဲ့အစည်းနှစ်ခု ပြဿနာ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကိုထိပါးလာတဲ့ လုပ်ရပ်ဖြစ် တယ်။ ဌာနချုပ်ကို ဝင်စီးတယ်ဆိုတာ နိုင်ငံတော်ကို ပုန်ကန်တာပဲ'' ဟု စုံစမ်း ရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။

ကျီးကန်းပြင် ဌာနချုပ်အနီးမှာ အိမ်ခြေ ၅ဝ လောက်ရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေနေတဲ့ ဝါးပိတ်ကျေးရွာကို လေ့လာရာမှာ နေထိုင်သူတွေမရှိတော့ဘဲ အိုးခွက်ပန်းကန်တွေနဲ့ ”ဓားတွေကို ယူဆောင်သွားတာဟာ အကြံအစည်ရှိနေ ပြီး ဌာနချုပ်က မီးရှို့သလိုမျိုးဖန်တီးထားပြီး ဝါဒဖြန့်နေကြောင်း စုံစမ်းရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

''ဒေသခံတိုင်းရင်းသားကျေးရွာ တွေ တည်မြဲဖို့ဆိုတာ လုံခြုံရေးက အဓိက ပါ။ လုံခြုံရေးမရှိရင် ဒေသခံတိုင်းရင်းသား တွေနေထိုင်ဖို့ မတည်မြဲနိုင်ဘူး။ တချို့ တိုင်းရင်းသားရွာတွေက ဘာသာခြားတွေ နေတဲ့ ရွာတွေကြားမှာရှိနေတယ်။ တိုင်းရင်းသားတွေရှိတဲ့ ရွာတွေကို လုံခြုံ ရေးအင်အားဖြည့်တင်းပေးဖို့တော့ လို တယ်။ ကျေးရွာတွေကိုလည်း မကြာခဏ ကင်းလှည့်ပေးဖို့လိုတယ်'' ဟု စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါ တယ်။

''အနောက်တံခါး လုံခြုံရေးက သံဆူးကြိုးကာရုံနဲ့ မပြီးဘူး။ ကာထားတဲ့ သံဆူးကြိုးက ပလာယာတစ်ချောင်းရှိရင် ဖြတ်ပြီးဝင်လို့ရတဲ့ အနေအထားမှာရှိ တယ်။ အုတ်တံတိုင်းကာဖို့ လိုအပ်တယ်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကိုလည်း စွမ်းရည် မြှင့်တင်ပေးဖို့လိုတယ်။ ရခိုင်ကျေးရွာတွေ ကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့ပေးဖို့ လိုတယ်။ လက်နက်တပ်ဆင်ပေးဖို့ လို တယ်။ တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်မြဲဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ အစိုးရ က ဖန်တီးပေးဖို့လိုပါတယ်''လို့ စုံစမ်း ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပါတယ်။
စုံစမ်းရေး ကော်မတီအနေနဲ့ လေ့လာတွေ့ရှိချက်တွေကို နှစ်ပတ် အတွင်း အစီရင်ခံစာပြုစုပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအဆင့်ထိ တင်ပြသွား မည်ဖြစ်ပြီး စုံစမ်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များသည် ‘ဒီဇင်ဘာ ၃ဝ ရက်တွင် ပြီးစီးသွားမည်ဖြစ်ကြောင်း စုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်း က ပြောပါတယ်။

အကြမ်းဖက်မှုဖြစ်ပွားလို့ ဒေသခံ တွေ စိုးရိမ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားပေမယ့် ရခိုင်တိုင်းရင်းသား တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ အစ္စလာမ် ဘာသာဝင်တွေနေတဲ့ မောင်တောခရိုင် အတွင်းမှာရှိတဲ့ ကြိမ်ချောင်းကျေးရွာမှာ ဘာပြဿနာမှမရှိဘဲ သူတို့ ကျေးရွာကအေးအေးချမ်းချမ်းရှိနေတယ်လို့ ကျေးရွာ သားတွေထံက သိရပါတယ်။

''၂ဝ၁၂ ခုနှစ်တုန်းကလည်း တခြား နေရာတွေမှာသာ ပြဿနာတွေဖြစ်တာ။ ဒီရွာမှာက ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ အခုလည်း အေးအေးချမ်းချမ်းပါပဲ။ အကြမ်းဖက်လုပ်ရပ်တွေကို မကြိုက်ဘူး။ အေးအေးဆေးဆေးပဲ လုပ်ကိုင် စားသောက်ချင်ပါတယ်''လို့ ကြိမ်ချောင်း ကျေးရွာမှ အစ္စလာမ်ဘာသာဝင် ရော်ဘီ အာလောင်က ပြောပါတယ်။
ထို့အတူ မောင်တောမြို့ဈေးကြီးတွင် အထည်ဆိုင်ဖွင့်လှစ်နေသည့် ဦးစူတင်က ''ပြဿနာတွေဖြစ်တော့ အရောင်းအဝယ် လည်း မကောင်းတော့ဘူး။ နယ်မြေ အေးချမ်းတုန်းကတော့ တော်တော် ရောင်းရတယ်။ အဝေးကျေးရွာတွေက လာဝယ်ကြတယ်။ နယ်မြေမအေးချမ်း တော့ မလာကြတော့ဘူး။ ပြဿနာတွေ မဖြစ်စေချင်ဘူး''လို့ ပြောပါတယ်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနက တစ်ဖက်နိုင်ငံနဲ့ နီးစပ်နေတဲ့ မောင်တော ဒေသမှာ တိုင်းရင်းသားလူမျိုးတွေ အခြေချနေထိုင်နိုင်ဖို့နဲ့ နယ်စပ်ဒေသ တွေကိုကာရံထားနိုင်အောင် နတလ ကျေးရွာပေါင်း ၃၆ ရွာကို မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေမှာ တည်ထောင် ပေးခဲ့သော်လည်း အလုပ်အကိုင်ရှားပါးမှု ကြောင့် နေထိုင်သူဦးရေ နည်းပါးလာ တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေထံ က သိရပါတယ်။

''နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားကျေးရွာတွေ ရေရှည် တည်တံ့ဖို့ အလုပ်အကိုင်တွေ ဖန်တီးပေး ဖို့လိုပါတယ်။ တစ်ဖက်ကလည်း တိုင်းရင်း သား လုပ်ငန်းရှင်တွေအနေနဲ့ ဒီဒေသ တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်စေချင်တယ်။ ဒါမှ ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေ တည်မြဲမှာ ပါ''ဟု လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်တွေဒေသခံ ဦးသန်းရွှေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အကြမ်းဖက် မှုဖြစ်ပွားရာ မောင်တောနဲ့ရသေ့တောင် ဒေသတွေမှာ နယ်မြေအေးချမ်းလာပြီ ဖြစ်လို့၊ နေရပ်စွန့်ခွာသူတွေဟာ မိမိတို့ရဲ့ နေရပ်ကို ပြန်လည်သွားရောက်နေပြီ ဖြစ်လို့၊ ‘ဒုက္ခသည်စခန်းတွေမှာရှိတဲ့ လူဦးရေဟာ တဖြည်းဖြည်း နည်းပါးလာပြီ ဖြစ်တယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူ တွေထံက သိရပါတယ်။
မောင်တောခရိုင်အတွင်းရှိ ဖားဝပ် ချောင်းကျေးရွာသား အသက် ၆၅ နှစ် အရွယ် ဦးမောင်မြစိန်က“''စိုက်ပျိုးစရာ မြေလည်းမရှိဘူး။ စိုးရိမ်ကြောက်ရွံ့ရပေ မယ့် စားဖို့အတွက် မနက်ဖြန် ဖားရှာ၊ ကဏန်းရှာ ထွက်ရဦးမယ်'' လို့ ပြောပါ တယ်။

No comments:

Post a Comment