Sunday, October 2, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် IPU အထွေထွေအတွင်းရေးမှူးချုပ်၊ စင်ကာပူပါလီမန်ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့အား သီးခြားစီလက်ခံတွေ့ဆုံ



Image may contain: 4 people , indoor
နေပြည်တော် အောက်တိုဘာ ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် IPU အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး IPU နှင့် မြန်မာလွှတ်တော်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး တို့နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
အလားတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် စင်ကာပူပါလီမန်ဥက္ကဋ္ဌ H.E. Mdm. Halimah Yacob နှင့် အဖွဲ့အား နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တွေ့ဆုံပြီး မြန်မာ-စင်ကာပူ လွှတ်တော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
ထို့ပြင် မွန်းလွဲ ၁ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Fahri Hamzah နှင့် အဖွဲ့အား တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment