Sunday, October 2, 2016

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း IPU အထွေထွေအတွင်းရေးမှူးချုပ်၊ စင်ကာပူပါလီမန်ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့အား သီးခြားစီလက်ခံတွေ့ဆုံ



Image may contain: 3 people , indoor
နေပြည်တော် အောက်တိုဘာ ၁
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် IPU အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong အား ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး လွှတ်တော်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကူအညီပေးရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အလားတူ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် စင်ကာပူပါလီမန်ဥက္ကဋ္ဌ H.E. Mdm. Halimah Yacob နှင့် အဖွဲ့အား နံနက် ၁ဝ နာရီ တွင် တွေ့ဆုံပြီး လွှတ်တော်နှစ်ရပ်ကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံလွှတ်တော်ချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့ပြင် မွန်းလွဲ ၂ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Fahri Hamzah နှင့် အဖွဲ့အား တွေ့ဆုံပြီး လွှတ်တော်နှစ်ရပ်ကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment