Sunday, October 30, 2016

ဟီလာရီကလင်တန်၏ အီးမေးလ်အသစ်များအား စစ်ဆေးမှုများပြုလုပ်မည်ဟု FBI အဖွဲ့ပြောကြား



Image may contain: 2 people , closeup
ဝါရှင်တန် အောက်တိုဘာ ၂၉
အမေရိကန်ထောက်လှမ်းရေးဗျူရို FBI အဖွဲ့က ဟီလာရီ ကလင်တန်၏ ကိုယ်ပိုင်ဆာဗာနှင့် အီးမေးလ်အသုံးပြု ခဲ့မှုကို အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် ရက်အနည်းငယ်သာကျန်တော့သည့်အချိန်တွင် ပြန်လည် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
FBI အဖွဲ့၏ ယခင်စစ်ဆေးမှုများတွင် မတွေ့ရှိ ခဲ့သည့် အီးမေးလ်အသစ်များကို ထပ်မံရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် ¤င်းအီးမေးလ်များတွင် အရေးကြီးသတင်း အချက်အလက်များ ပြင်ပလောကသိုပျံ့နှံ့နိုင်ခြေရှိ၊ မရှိ သိရှိစေရန် ဟီလာရီ၏ အီးမေးလ်များကို ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း အဖွဲ့ဒါရိုက်တာ ဂျိမ်းစ်ကိုမီက ကွန်ဂရက်သို့ အောက်တိုဘာ ၂၈ ရက်တွင် အစီရင်ခံစာ ပေးပို့ခဲ့သည်။
ယခုအချိန်တွင် ဟီလာရီကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့သည် နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကို အစွမ်းကုန်ကြိုးစားနေကြသည့် အချိန်ဖြစ်သည်။
ဇူလိုင်လတွင် ဟီလာရီကလင်တန် နိုင်ငံခြားရေး ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့စဉ် အလုပ်သဘောအရ အသုံးပြုခဲ့သည့် ဆာဗာနှင့် အီးမေးလ်များအား စစ်ဆေးမှုကို FBI အဖွဲ့က အဆုံးသတ်ခဲ့ပြီး စစ်ဆေးမှုနှင့် ပတ်သက်ပြီး သံသယဖြစ်နိုင်ဖွယ်ကောင်းသည့် မည်သည့် အီးမေးလ်ကိုမျှ တွေ့ရှိခဲ့ခြင်းမရှိဟု ကြေညာခဲ့သည်။
င်္FBI အဖွဲ့က အီးမေးလ်အသစ်များတွေ့ရှိခဲ့ပြီး နောက် စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်မည်ဟု ကြေညာခဲ့သည့်အတွက် ကလင်တန်အနေဖြင့် အောက်တိုဘာ ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဆောလျင်စွာ စီစဉ်ခဲ့သည်။ စစ်ဆေးမှုများပြုလုပ်ပြီးပါက ထွက်ပေါ်လာသည့် ရလဒ်ကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိနိုင်စေရန် ထုတ်ပြန်ပေးပါဟု ကလင်တန်က အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် FBI အဖွဲ့အား တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် ထပ်မံတွေ့ရှိလာသည့် အီးမေးလ်အသစ်များသည် သူ့အားစစ်ဆေးခဲ့သည့် FBI ၏ နောက်ဆုံး ရလဒ်ထွက်ပေါ်မှုကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း ဟီလာရီက အခိုင်အမာပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment