Sunday, October 30, 2016

မြောက်ဒါကိုတာ ရေနံပိုက်လိုင်းသွယ်တန်းမှု ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ထိန်းသိမ်း



Image may contain: 1 person , horse, sky, outdoor and nature
ဘင့်စမတ် အောက်တိုဘာ ၂၉
အမေရိကန်ပြည်ထောင်စု မြောက်ဒါကိုတာပြည်နယ်၌ အငြင်းပွားဖွယ်ရာ ရေနံပိုက်လိုင်း တည်ဆောက်မှုကို ရပ်တန့်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြ သမား ၁၄၁ ဦးကို ထိန်းသိမ်းခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ထိန်းသိမ်းခံရသူများမှာ မူလတိုင်းရင်းသားများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူများ ဖြစ်ကြသည်။ အငြင်းပွားဖွယ်ရာ ရေနံပိုက်လိုင်းသစ် တည်ဆောက်မှု ရပ်ဆိုင်းပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
အဆိုပြုထားသည့် ရေနံပိုက်လိုင်းသည် မြောက်ဒါကိုတာပြည်နယ်ရှိ ဘာကင်ရှေလ ရေနံမြေမှသည် အမေရိကန်ပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသရှိ ရေနံချက်စက်ရုံများသို့ ရေနံပေးပို့ရန် ရည်ရွယ်သည်။
ရိုက်တာ။

No comments:

Post a Comment