Sunday, October 30, 2016

စက်ရုံ၊ အလုပ်ရုံများ၏ စွမ်းအင်ထိရောက်စွာအသုံးပြုနိုင်ရေး အခမဲ့သင်တန်းများ ရန်ကုန်နှင့် မန္တလေးတွင် ဆက်တိုက်ဖွင့်လှစ်



Image may contain: one or more people and indoor
ရန်ကုန် အောက်တိုဘာ ၂၉

စက်ရုံ၊ အလုပ်ရုံများတွင် စွမ်းအင်ထိ ရောက်စွာအသုံးပြုနိုင်ရေးအတွက် အခြေခံအချက်အလက်များ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ရာတွင်လိုအပ်ချက်များကို သင်ကြားပေးလျက်ရှိသည့် အခမဲ့သင်တန်းများ ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စဉ်ဆက်မပြတ်ဆက်တိုက်ပို့ချသွား မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) တို့ ပူးပေါင်း၍ စက်မှုလုပ်ငန်း/ စီးပွားရေးလုပ်ငန်းများတွင် စွမ်းအင်စနစ် အထိရောက်ဆုံးအသုံးပြုခြင်းဆိုင်ရာ (Energy System Optimization) သင်တန်းများကို အခမဲ့ပို့ချလျက်ရှိရာ Energy Management Level နှစ်ရက် သင်တန်းများကို နိုဝင်ဘာ ၁၇ ရက် နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မန္တလေးမြို့၌ လည်းကောင်း အခမဲ့ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဟု ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) မှ သိရသည်။ 

အဆိုပါ သင်တန်းများသို့ စွမ်းအင်ကုန်ကျစရိတ် လျှော့ချလိုသောစက်ရုံ၊ အလုပ်ရုံများ၊ စွမ်းအင်မန်နေဂျာများအဖြစ် မိမိဝန်ထမ်းများကို လေ့ကျင့် ပေးလိုသောစက်ရုံ၊ အလုပ်ရုံများ၊ ISO 50001 Certification Process နှင့်အညီ Upgrade ပြုလုပ်လိုသောစက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ၊ စွမ်းအင်မန်နေဂျာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသူများ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးပြုရေးပညာရပ် ကိုစိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်းသိရသည်။ အဆိုပါ သင်တန်းကို နိုင်ငံတကာစွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူမှ သင်ကြားပေးမည်ဖြစ်ပြီး User နှင့် Expert Level သင်တန်းများတက်ရောက် အောင်မြင်ပြီးပါက Energy Efficiency Expert အဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်သည့် အခွင့် အလမ်းများရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့် သင်တန်းကိုအမှတ် ၃၅ ဘီ/၁၅၊ တက္ကသိုလ်ရိပ်သာလမ်းသစ် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန စက်မှုဝန်ကြီး ဌာနရုံးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး မန္တလေးမြို့တွင် ဖွင့်လှစ်မည့်သင်တန်းကို နဒီမြန်မာဟိုတယ် (၆၂)လမ်း (၃၆) လမ်းနှင့် (၃၇)လမ်းကြားတွင် ဖွင့်လှစ် မည်ဖြစ်ပြီးသင်တန်းချိန်မှာ နံနက် ၈ နာရီမှ ညနေ ၄နာရီခွဲအထိ ဖြစ်သည်။ သင်တန်းတက်ရောက်လို သူများအနေဖြင့် လျှောက်လွှာများကို www.ieemyanmar.com/ page_id=4452တွင် ဒေါင်းလုဒ်ရယူ၍ email: A.Zin@unido.org, T.OO@unido.org သို့ ပေးပို့နိုင်ပြီး ဖုန်းနံပါတ် ဝ၉-၄၂၁၁၃၁ဝ၈၅ နှင့် ဝ၉၅၁၉ဝ၉၇၉ တို့သို့ နိုဝင်ဘာ ၁ဝ ရက် (ကြာသပတေးနေ့) နောက်ဆုံးထား အမည်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

(ဝဝ၁)

No comments:

Post a Comment