Monday, October 31, 2016

အာဖရိကအလယ်ပိုင်းတွင် လူမျိုးရေးပဋိပက္ခများဖြစ်ပွားပြီး ၂၅ ဦး သေဆုံး







 
 
ဂျီနီဗာ အောက်တိုဘာ ၃ဝ

အာဖရိက အလယ်ပိုင်းနိုင်ငံတွင် နှစ်ရက်ကြာဖြစ်ပွားခဲ့သည့် ပ$ဋိပက္ခအတွင်းလူ ၂၅ ဦး သေဆုံးခဲ့ရပြီဖြစ်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးမစ်ရှင်အဖွဲ့က ပြောကြားခဲ့သည်။
ကြာသပတေးနေ့က ဆီလီကာ စစ်သွေးကြွအဖွဲ့ဟောင်းမှ အစ္စလာမ်တိုက်ခိုက်ရေးအဖွဲ့များနှင့် ဘာလာကာ အဖွဲ့ကို ဆန့်ကျင် သည့် ခရစ်ယာန်ဘာသာဝင်အုပ်စုများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံးသွားခဲ့သည်။

သောကြာနေ့တွင် ရဲအရာရှိခြောက်ဦးနှင့် အရပ်သားလေးဦး ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည်။ ၂ဝ၁၃ ခုနှစ်မှ စတင်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများကြောင့် ပြိုကွဲပျက်စီးခဲ့ရသည်။
ဘာလာကာ ဆန့်ကျင်ရေးအဖွဲ့နှင့် ဆီလီကာအဖွဲ့ဟောင်း၏ အုပ်စုဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ၁၅ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း မိုင်နပ်စ်ကာမစ်ရှင်အဖွဲ့က ပြောကြားခဲ့သည်။ ကုလသမဂ္ဂမစ်ရှင်အဖွဲ့က အတောမသတ်နိုင်သည့် တိုက်ခိုက်မှုများနှင့် လက်စားချေတုံ့ပြန်မှုများကို ရပ်တန်းကရပ်ကြရန် လက်နက်ကိုင်အုပ်စုများက တိုက်တွန်းထားသည်။

ဆီလီကာသူပုန်အဖွဲ့သည် ၂ဝ၁၃ ခုနှစ် မတ်လတွင် အာဏာသိမ်းခဲ့ပြီး ခရစ်ယာန်ဘာသာဝင်သမ္မတ ဖရန်ကွိုက်ဘိုဇီဇီကို ရာထူးမှဖြုတ်ချခဲ့သည်။ လူထောင်ပေါင်းများစွာသေဆုံးခဲ့ပြီး ရာပေါင်းများစွာတို့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ယခု အခါ နိုင်ငံအတွင်း ကုလသမဂ္ဂငြိမ်းချမ်းရေးလိုလားသူ ၁၂ဝဝဝ ကျော်ကို ဖြန့်ကြက်ထားသည်။
(ဘီဘီစီ)

No comments:

Post a Comment