Monday, October 31, 2016

ရွှေတိဂုံစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



 
 
ရန်ကုန် အောက်တိုဘာ ၃ဝ

ရွှေတိဂုံစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် စေတီတော်ရင်ပြင်ရှိ ဂေါပကအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရွှေတိဂုံစေတီ တော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် ရွှေသင်္ကန်းကပ်လှူရေးတို့ အတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းကိစ္စရပ်များ၊ စေတီတော် မြတ်ကြီး၏ ကြံ့ခိုင်မှုနှင့် ဘက်စုံပြုပြင်မွမ်းမံ ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။

ယင်းနောက် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ဂေါပကအဖွဲ့ စည်းမျဉ်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ စေတီတော်ဂေါပကအဖွဲ့ဝင်များက ဂေါပက အဖွဲ့၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်း စဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြ ရာ အဆိုပါရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီ တော်မြတ်ကြီးနှင့် စေတီတော် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင် ဗုဒ္ဓရုပ်ပွားတော်တို့အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော် ဖူးမြော်ကြည်ညိုသည်။
(သတင်းစဉ်)

No comments:

Post a Comment