Monday, October 31, 2016

ဒုက္ခသည်ကလေးငယ်များအား ခွဲဝေတာဝန်ယူပေးရန် ဗြိတိန်အား ပြင်သစ်သမ္မတတိုက်တွန်း







ပါရီ အောက်တိုဘာ ၃ဝ

ဒုက္ခသည် တဲစခန်းများကို ရှင်းလင်း ဖယ်ရှားခဲ့ပြီးသည့်နောက် ကာလိုက်စ်တွင် ကျန်ရှိနေသည့် ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ်များကို ဗြိတိန်နိုင်ငံက ခွဲဝေတာဝန်ယူရန် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက ဗြိတိန်အား တိုက်တွန်းပြောကြားခဲ့သည်။
အဖော်အပေါင်းမရှိဘဲ ရောက်ရှိ လာကြသည့် အသက်မပြည့်သေးသူ ကလေးငယ် ၁၅ဝဝ တို့သည် ယခုအချိန် အထိ ဆိပ်ကမ်းမြို့အတွင်း သောင်တင် နေဆဲဖြစ်ပြီး ၄င်းတို့အား ခိုလှုံရာ စခန်း များသို့ အမြန်ဆုံးခေါ်ဆောင်သွားရမည် ဖြစ်ကြောင်း သမ္မတ ဖရန်ဆွာဟော်လန်း က ပြောသည်။

စစ်ပွဲနှင့်ဆင်းရဲငတ်မွတ်ခေါင်းပါးမှုတို့ကြောင့် ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များသည် ညစ်ပတ်ရှုပ်ပွနေ သည့်တဲများကို ခေတ္တခိုလှုံရာ စခန်းအဖြစ် အသုံးပြုလျက် ဗြိတိန်သို့ရောက်ရှိရေး ကြိုးပမ်းနေကြသည်။ အဆိုပါတဲစခန်း များမှ ကလေးငယ်အယောက် ၂၅ဝ ကို လက်ခံပေးရန် ဗြိတိန်သည် မကြာသေး မီကပင် သဘောတူညီခဲ့သည်။

ဒုတိယက္ဘာစစ်ပြီးဆုံးချိန်မှ စတင် ကာ ရင်ဆိုင်လာရသည့် အဆိုးရွားဆုံး ဒုက္ခသည်ပြဿနာကို ဥရောပအနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိတော့သည် ကို ဒုက္ခသည်တဲစခန်းများက ဖော်ပြ လျက်ရှိသည်။
ပြည့်သိပ်ကျပ်ညပ်နေသည့် ရွက်ဖျင် တဲများတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၁၅ဝဝ ထက်မနည်းနေထိုင် လျက်ရှိပြီး ကလေးငယ်အများစုသည် ဆင်းရဲပင်ပန်းကြီးစွာ အိပ်စက်နေကြရ သည်။ ဗြိတိန်နိုင်ငံအတွင်း၌ ၄င်းတို့အား အိမ်ရာပြန်လည်ထူထောင်ပေးရန်နှင့် ပြင်သစ်နိုင်ငံအတွင်း ဆက်လက်ခိုလှုံ ခွင့်ပေးထားရန် ကိစ္စရပ်များနှင့်ပတ်သက် ၍ မစ္စတာဟော်လန်းနှင့် ဗြိတိန်ဝန်ကြီး ချုပ် ထရီဆာမေတို့က ဗြိတိန်အာဏာ ပိုင်များနှင့် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။ (ဘီဘီစီ)

No comments:

Post a Comment