Saturday, October 1, 2016

နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး



Image may contain: 4 people , indoor


နေပြည်တော် စက်တင်ဘာ ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မဒမ် ငုယင်သီကင်ငမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လွမ်းထွီဇူးအုန်း တက်ရောက်သည်။
(သတင်းစဉ်)

No comments:

Post a Comment