Saturday, October 1, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် အာဆီယံနိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အာဆီယံပါလီမန်များအစည်းအရုံး အတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ



Image may contain: 2 people , indoor
နေပြည်တော် စက်တင်ဘာ ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် (၃၇) ကြိမ်မြောက် အာဆီယံပါလီမန် များညီလာခံသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အာဆီယံပါလီမန်များအစည်းအရုံး အတွင်းရေးမှူးချုပ်တို့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် (၃၈)ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံလွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment