Saturday, October 1, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ခဲ့မှုအခြေအနေများ ဆွေးနွေး



Image may contain: 1 person , indoor
နေပြည်တော် စက်တင်ဘာ ၃ဝ
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တူရကီ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ မူရတ်ရာဘုစ်အက်တိစ်အား ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက် ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment