Sunday, October 2, 2016

အမေရိကန်သမ္မတလောင်းနှစ်ဦးက ဂျာမန်ဝန်ကြီးချုပ် မာကယ်အား ချီးကျူးစကားဆို



Image may contain: 2 people , closeup
ဝါရှင်တန် အောက်တိုဘာ ၁
အမေရိကန်ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် နှင့် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန် တို့နှစ်ဦးက ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ် သည် ၎င်းတို့နှစ်ဦး၏ အနှစ်သက်ဆုံးသော ကမ္ဘာ့ခေါင်းဆောင် တစ်ဦးဖြစ်သည်ဟု ၎င်းတို့၏အင်တာဗျူးတွင် ပြောကြားခဲ့သည်။
''မာကယ်လ်ဟာ ကမ္ဘာ့ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါတယ်'' ဟု နယူးအင်္ဂလန်၏ အင်န်အီးစီအင်န်သတင်း ဌာနနှင့် အင်တာဗျူးတွင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
''မာကယ်လ်ဟာ ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ကျွန်မရင်ထဲမှာ အမြဲတမ်းရှိပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်က သူအမှားကြီးတစ်ခု ကျူးလွန်ခဲ့ပါတယ်။ အဲဒါကတော့ ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေကို ဥရောပတစ်ခွင် ဝင်ခွင့်ပြုခဲ့ခြင်းပဲဖြစ်ပါတယ်'' ဟု ဟီလာရီ က ဆိုသည်။
''ဥရောပနိုင်ငံတွေ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန်မှာ ခေါင်းဆောင်ပီပီ လုပ်သင့်လုပ်ထိုက်တာတွေကို သေချာဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မာကယ်လ်ဟာ ကျွန်မနှစ်သက်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်'' ဟု ဟီလာရီကလင်တန်က သူ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်အတွက် ချီကာဂိုမြို့သို့သွားရောက်စဉ် လေယာဉ်ပေါ်တွင် သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ဥရောပနိုင်ငံများ အကျပ်အတည်းကျရောက်နေစဉ် မာကယ်လ်၏ ခေါင်းဆောင်ပီသမှုနှင့် ဒုက္ခသည်များအရေးအတွက် ရဲရင့်စွာလုပ်ဆောင်နိုင်ခဲ့ခြင်းတို့ကို ဟီလာရီ ကလင်တန်က အလေးပေးချီးကျူးစကားဆိုခဲ့သည်။
၎င်းအနေဖြင့် မာကယ်လ်ကို ၁၉၉ဝ ခုနှစ်ကစပြီး သိရှိခဲ့ခြင်းဖြစ်ပြီး မာကယ်လ်နှင့်အတူ ပူးပေါင်းပြီး အနာဂတ်တွင် ကမ္ဘာ့အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းရွက်ရန် ဖြစ်ပေါ်လာမည့်အခွင့်အရေးကို မျှော်လင့်လျက်ရှိပါကြောင်း ဟီလာရီက ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment