Sunday, October 2, 2016

(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ AIPA တက်ရောက်သည့် ပါလီမန်ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ နေပြည်တော်ရှိ လွှတ်တော်နှင့်ပြတိုက်များသို့ လေ့လာ



Image may contain: 7 people , suit and food
နေပြည်တော် အောက်တိုဘာ ၁
(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံတက်ရောက် သည့် ပါလီမန်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများကို ကြည့်ရှုလေ့လာပြီး မြန်မာ့ကျောက်မျက် ရတနာပြတိုက်အရောင်းခန်းမအတွင်းရှိ ပြခန်းများ၊ မြန်မာ့ကျောက်မျက် ရတနာများ၊ ပုလဲနှင့် ကျောက်စိမ်း လက်ဝတ်ရတနာများကို လှည့်လည် ကြည့်ရှုကာ ကျောက်မျက်ရတနာများကို အမှတ်တရဝယ်ယူအားပေးကြသည်။
(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံတက် ရောက်သည့် ဒုဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်တချို့သည် နေပြည်တော် မြို့တော်ဂေါက်ကွင်းတွင် ချစ်ကြည်ရေး ဂေါက်သီးရိုက်ကစားကြပြီး မနက်ဖြန်တွင်လည်း နေပြည် တော်တစ်ခွင် ဆက်လက်လေ့လာ မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment