Sunday, October 2, 2016

ရေငုပ်သင်္ဘောကြီးတစ်စင်း မြောက်ကိုရီးယားတည်ဆောက်လျက်ရှိဟု အမေရိကန်သုတေသီများပြော



Image may contain: text and outdoor
ဝါရှင်တန် အောက်တိုဘာ ၁
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်များစမ်းသပ်လွှတ်တင်ရာတွင် အသုံးပြုနေသည့် ရေငုပ်သင်္ဘောထက် ပိုမိုအရွယ်အစားကြီးမားသော ရေငုပ်သင်္ဘော တစ်စင်းကို ဆောက်လုပ်နေဖွယ်ရှိသည်ဟု အမေရိကန်သုတေသနအဖွဲ့တစ်ဖွဲ့က ဆိုသည်။
ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသီအဖွဲ့က မြောက်ကိုရီးယားနိုင်ငံ ဆင်ပိုဆိပ်ကမ်းမြို့၏ သင်္ဘောကျင်းတစ်ခုရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရိုက်ကူးထားသော ၎င်း၏ဂြိုဟ်တုဓာတ်ပုံတစ်ပုံကို စက်တင်ဘာ ၃ဝ ရက်က ထုတ်ဖော် ပြသခဲ့သည်။ အဆိုပါဓာတ်ပုံကို ဇန်နဝါရီလမှ စက်တင်ဘာလ အကြားရိုက်ကူးထားခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ငန်းခွင်တွင် ဝန်ချီစက်များနှင့်အလုပ်သမားအင်အားများပြားစွာ ပါဝင်ပြီး လုံးဝန်းကြီးမားသော ပစ္စည်းတစ်ခုရွေ့လျားမှုသဏ္ဌာန်ကို မြင်တွေ့ခဲ့ခြင်း ဖြစ်သည်ဟု သုတေသီများက ဆိုသည်။
အဆိုပါဓာတ်ပုံထဲ၌ ရွေ့လျားသောသဏ္ဌာန်တစ်ခုသည် အချင်း ၁ဝ မီတာရှိသည့် လုံးဝန်းသောအစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု လွန်ခဲ့သောလက အတည်ပြုနိုင်ခဲ့ကြောင်း သုတေသီများကဆိုသည်။ ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်သည် ကြီးမားသောရေငုပ်သင်္ဘောတစ်စင်း ဆောက်လုပ်နေခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ၎င်းတို့က ဆက်လက်ပြောကြားခဲ့သည်။
ပြုံယမ်း၏ယခုအသုံးပြုနေသည့် ရေငုပ်သင်္ဘောသည် ဒုံးကျည်များ စမ်းသပ်လွှတ်တင်ရန်အလွန်ပင်သေးငယ်သည်ဟု အဆိုပါအမေရိကန် သုတေသီများက ယခင်ကဆိုခဲ့ကြသည်။ ယခုအချိန်တွင် ပြုံယမ်းအနေဖြင့် ကြီးမားသော ရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်နေဖွယ်ရှိသည်ဟု ၎င်းတို့ က ဆိုကြသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment