Sunday, October 30, 2016

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး



Image may contain: tree, sky, outdoor and one or more people
ရန်ကုန် အောက်တိုဘာ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ် ကမ်းမြို့နယ် ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ပြီး ရှင်းလင်းဆောင်တွင် မြို့ပြအခြေခံ အဆောက်အအုံ စီမံကိန်းဖွံ့ဖြိုးရေး ဌာနခွဲမှ အင်ဂျင်နီယာမှူးကြီးက အိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို တင်ပြသည်။ ဆက်လက်၍ ရေသန့်၊ လျှပ်စစ်နှင့် အဆောက်အအုံအထူး အဖွဲ့များမှ တာဝန်ခံအင်ဂျင်နီယာများ၊ CHD Bank နှင့် ကုမ္ပဏီတို့မှ တာဝန် ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန် ကျန်ရှိမှုနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များ၊ ဘဏ်ချေးငွေစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် Power Point ဖြင့် အသီးသီးရှင်းလင်း တင်ပြကြသည်။
တင်ပြမှုတို့အပေါ် ပြည်ထောင်စု ဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ ရေမီးရရှိအောင် ဦးစားပေးဆောင်ရွက်ရေး၊ အိမ်ခန်းဝယ်ယူနေထိုင်သူများ သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ အဆင်ပြေစွာနေထိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရာစီမံကိန်းလုပ်ငန်း ခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်သည့် လုပ်ငန်းများနှင့် Show Gallery တည်ဆောက်မှု၊ Landscape နှင့် ကလေးကစားကွင်းများ ဆောင်ရွက် နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment