Sunday, October 30, 2016

ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး တေးဂီတဖျော်ဖြေပွဲ ကျင်းပ



Image may contain: 1 person , crowd, sky and outdoor
ရန်ကုန် အောက်တိုဘာ ၂၉
ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး တေးဂီတ ဖျော်ဖြေပွဲကို ယနေ့မွန်းလွဲ ၂ နာရီမှ စတင်၍ ရန်ကုန်မြို့ မဟာ ဗန္ဓုလပန်းခြံရှေ့၌ ကျင်းပရာ ရှေးဦးစွာ တက်ရောက်လာကြသူများက ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြုလုပ်ကြပြီးRAGA MUSIC BAND မှ ကိုတွတ်ကီ၊ ကိုမြတ်မိုး၊ စောရန်နိုင်၊ ရာဝဏ၊ စိုင်းရှုမိုး၊ ဆူမိုတို့နှင့်အတူ နိုင်ငံကျော် တေးသံရှင်များဖြစ်ကြသည့် မွန်းအောင်၊ အက်စ်ကဲနက်၊ တူးတူး၊ ဝီလျံ၊ မောင်တင်အုန်း၊ ဆူမို၊ ကိုပြည့်၊ ကိုကိုနိုင်၊ ကိုစောဝေ၊ မီမီဝင်းဖေ၊ Fanny ၊ ဆိုင်းစံ၊ ဆုရည်လတ် နှင့် ဆုမွန်းအောင်တို့က သီဆို ဖျော်ဖြေကြသည်။
အဆိုပါ ပြည်တွင်းစစ်ရပ်စဲရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေး တေးဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် လက်ရှိ ဖြစ်ပွားနေသောစစ်ပွဲများ ရပ်တန့်ရေးနှင့် ပြည်တွင်းစစ်ပွဲများ အမြန်ဆုံးရပ်တန့်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်ဘေးသင့် ပြည်သူများအား ထိရောက်စွာကူညီ ထောက်ပံ့ပေးနိုင်ရေးအတွက် ပြည်သူများထံမှ လက်မှတ်များကောက်ယူ ခြင်းနှင့် အနုပညာရှင်များက ငြိမ်းချမ်း ရေးသီချင်းများ၊ ကဗျာများဖြင့် သီဆိုဖျော်ဖြေပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(ဇော်မင်းလတ်)

No comments:

Post a Comment