Sunday, October 2, 2016

ငြိမ်းချမ်းရေးလိုလားသော စစ်သူရဲကောင်း


Image may contain: 3 people , suit
ကိုရင်သြ
ရှားပင်အိုကြီးပမာ အသက်ကြီးလေလေ အနှစ်ပြည့်လေလေ ပုဂ္ဂိုလ်ကြီးတစ်ဦး
အဖြစ် ပြည်သူပြည်သားတို့၏ ရှုမြင်ခံရသူ ရှီမွန်ပဲရက်၏ ဈာပနအခမ်းအနားကို စက်တင်ဘာ ၃ဝ ရက်တွင် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့၌ ပြုလုပ်ခဲ့လေသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘား
မား၊ ဗြိတိန် ချားလ်စ်မင်းသားနှင့် ပုပ်ရဟန်း
မင်းကြီး ဖရန်စစ်တို့အပါအဝင် ကမ္ဘာတစ်
လွှား မှ အထင်ကရပုဂ္ဂိုလ်များက ဈာပန
အခမ်းအနားပွဲသို့ တက်ရောက်ခဲ့ကြပြီး
လျှင် ပဲရက်နှင့်ပတ်သက်၍ ချီးကျူးစကား ထုတ်ဖော်ြ>ွမက်ကြားခဲ့ကြလေသည်။
သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့
ရှီမွန်ပဲရက်ဆိုသူ ပုဂ္ဂိုလ်သည်ကား အစ္စရေးနိုင်ငံ၏ ကျောက်ကောင်းတစ်စေ့ နှင့် ပုံပမာတူသော သားကောင်းတစ်
ယောက်ပင်ဖြစ်လေ၏။
ဟီဘရူးဘာသာစကားအရ 'ယစ္စရေ
ယယ်'၊ အာရဗီ ဘာသာစကားအရ 'အစ္စ
ရေအီလ်' ဟူ၍ ဒေသအမည်တွင်သော အစ္စရေးနိုင်ငံတော်၏ သားကောင်းတစ် ယောက်ဖြစ်သူ ပဲရက်သည် ရှားပင်အိုကြီး ပမာ အနှစ်သာရပြည့်ဝသည့် နိုင်ငံရေး သမားတစ်ဦးအဖြစ် ထင်ပေါ်ကျော်ကြားခဲ့ သူပင်တည်း။
ကာလသမနိရှည်ရှည် နိုင်ငံရေးလောက ၌ သူကျင်လည်ခဲ့၏။ ရှားပင်ကြီးပမာ ဇရာပိုင်းအထိ အနှစ်သာရပြည့်ဝစွာဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့၏။ 'ပဲရက် ငြိမ်း
ချမ်းရေးဌာန' မှတစ်ဆင့် ငြိမ်းချမ်းရေး တည်
ဆောက်မှု လုပ်ငန်းများကို မနားမနေ လုပ်
ဆောင်ခဲ့၏။
အစ္စရေးနှင့် ပါလက်စတိုင်းတို့ ဆက်ဆံ ရေးမြှင့်တင်နိုင်ရန် ရည်ရွယ်လျှက် အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ရပ်ဖြစ် သည့် ပဲရက်ငြိမ်းချမ်းရေးဌာနသည်ကား နွယ်ပင်ကဲ့သို့ပင် ငြိမ်းချမ်းရေးတည်းဟူ သော အမှီကောင်းကို ရှာဖွေကာ ဖွံ့ဖြိုးတိုး တက်ခြင်းဟူသော အမြင့်သို့ တက်နိုင် အောင် ကြိုးပမ်းနေသော 'အင်စတီကျူး ရှင်း' (အဖွဲ့အစည်း) တစ်ရပ်ဖြစ်ပေသည် တကား။
ပေါ်ထင်မှ တော်ဝင်သူ
အမိနိုင်ငံတော်အတွက် မနားမနေ ကြိုး
ပမ်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ပြည်သူ
ကြား ပေါ်လွင်ထင်ရှားခဲ့သည့် နိုင်ငံရေး သမားကြီး ပဲရက်သည် တိုင်းရေးပြည်ရာ များကို စီမံခန့်ခွဲသည့် အမှုတော်ကို ထမ်း ရွက်ရင်း နိုင်ငံရေးလောကအတွင်း တော် ဝင်သူတစ်ဦးဖြစ်လာပေသည် ဟူလို။
အစိုးရအဖွဲ့ ၁၂ ဖွဲ့တွင် ပဲရက်ပါဝင်ခဲ့ ၏။ သမ္မတအဖြစ် တစ်ကြိမ်၊ ဝန်ကြီးချုပ် အဖြစ် နှစ်ကြိမ် တာဝန်ယူခဲ့ပြီးလျှင် ပြည် ရေးပြည်ရာများကို စီမံခန့်ခွဲပေးခဲ့သည်။
ပဲရက်၏ ဘဝထုပ္ပတ်ကို ခြုံငုံကြည့်သော်ငယ်စဉ်ဘဝ နှစ်ကာလများတွင် လင်းယုန်ငှက်နှင့် ပမာတူစွာ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်သူရဲကောင်းတစ်ဦးပမာ ကျင့်ကြံခဲ့ရ၏။ သက်ကြီးပိုင်းကာလတွင်မူ ချိုးဖြူ
ငှက်နှင့် ပမာတူစွာ နိုင်ငံတော်ငြိမ်းချမ်းရေး အတွက် ဓမ္မဝါဒီတစ်ဦးပမာကျင့်ကြံခဲ့ရ၏။
အော်စလို ငြိမ်းချမ်းရေး သဘောတူညီ ချက်များ ရရှိရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူတစ်ဦးအဖြစ် ကမ္ဘာကို ပြသနိုင်ခဲ့သူမှာ ပဲရက်ဖြစ်ပြီး လျှင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် သူ လှုပ်ရှားဆောင်ရွက်ခဲ့လေသည်။
တိုင်းပြည်မှာ စစ်နှင့်မကင်း
အစ္စရေးသည်ကား စစ်နှင့်မကင်းသော နိုင်ငံအဖြစ် သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ ရသည်။
၁၉ ရာစုကုန်ချိန်တွင် သီယိုဒိုဟာဇဲလ် က ဇီယွန်ဝါဒကို ထူထောင်ခဲ့ပြီးနောက် ဂျူးထောင်ပေါင်းများစွာက အော်တိုမန် အင်ပါယာရှိ ပါလက်စတိုင်းနယ်သို့ ပြန်လာခဲ့ကြသည်။
နိုင်ငံပေါင်းချုပ်အသင်းကြီးက ပါလက် စတိုင်းနယ်အား အုပ်ချုပ်ပေးရန် ၁၉၂၂ ခုနှစ်တွင် ဗြိတိန်က ပေးအပ်ခဲ့ပြီး ဂျူးတို့ နေထိုင်နိုင်အောင် ဖန်တီးပေးခဲ့သည်။ ဗြိတိသျှတို့ ပါလက်စတိုင်းမှ ထွက်ခွာသွား ပြီးနောက် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ကို ကြေညာခဲ့သည်။
ယင်းနောက်တွင် အာရပ်နိုင်ငံများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၉၄၉ ခုနှစ်တွင်
စစ်ပြေငြိမ်းရေးစာချုပ် ရရှိခဲ့သည်။ ယင်း
စာချုပ်အရ ပိုင်နက်တိုးလာခဲ့သည်။
'ခြောက်ရက်စစ်ပွဲ' (၁၉၆၇) အပြီး
အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်၊ ဆိုင်း
နိုင်းကျွန်းဆွယ် (ဆူးအက်တူးမြောင်းအထိ)၊
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ
(အရှေ့ဂျေရုဆလင်အပါ အဝင်)၊ ဂိုလန်
ကုန်းမြင့်(ဆီးရီးယား)တို့ကို ရရှိခဲ့သည်။
ဒေးဗစ်စခန်း သဘောတူညီချက်ကို (၁၉၇၈) ခုနှစ်တွင် အစ္စရေးနှင့် အီဂျစ်တို့ ရရှိခဲ့သည်။
၁၉၇၉ ခုနှစ်တွင် ဆိုင်းနိုင်းကျွန်းဆွယ်မှ အစ္စရေးတို့ ဆုတ်ခွာပေးခဲ့သည်။
၁၉၈၂-၈၅ ခုနှစ်တွင် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (ပီအယ်အို)ကို
မြို့တော်ဘေရွတ်မှ ဖယ်ရှားနိုင်ရန် လက်ဘနွန်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင် ရောက်ခဲ့သည်။
ယင်းနောက်တွင် အသိမ်းပိုက်ခံ နယ်မြေများ၌ အင်တီဖာဒါ အာရပ်လှုပ်ရှားမှုများ စတင်လာခဲ့ရာ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာခဲ့ရပြန်သည်။
ပင်လယ်ကွေ့စစ်ပွဲ (၁၉၉၁) တွင် အီရတ်
က ဒုံးကျည်များဖြင့် တိုက်ခဲ့သည်။
ပြန်လည်သင့်မြတ်ရေး ခြေလှမ်းပြင်ချိန်
အာရပ်နိုင်ငံများနှင့် ပြန်လည်သင့်မြတ် အောင် ခြေလှမ်းပြင်ခဲ့သူမှာ ဝန်ကြီးချုပ် ရာဘင်ဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် အစ္စရေး- ပီအယ်အို သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့လေသည်။
ပီအယ်အိုက အစ္စရေးနိုင်ငံ တည်ရှိမှုကို အသိအမှတ်ပြုပြီး ပီအယ်အို တည်ရှိမှုကို လည်း အစ္စရေးက အသိအမှတ်ပြုသည်။
ဂါဇာကမ်းမြောင်ဒေသနှင့် အနောက် ဘက်ကမ်းဒေသတို့၌ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အကန့်အသတ်ဖြင့်ပေး ရန် သဘောတူညီခဲ့သည်။
ထိုစဉ်အတွင်း ဂျော်ဒန်နိုင်ငံနှင့် ၄၆ နှစ်ကြာ ရန်သတ္တရုပြုမှု အဆုံးသတ်စေရန် ရည်ရွယ်သည့် စာချုပ်ကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့လေသည်။
ထို့နောက်တွင် ပါလက်စတိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေးအတွက် ၁၉၉၅ ခုနှစ် တွင် အစ္စရေးနှင့် ပီအယ်အိုတို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
သို့ရာတွင် နိုင်ငံသမိုင်းအတွက် အရုပ်ဆိုးလှသည့် ဖြစ်ရပ်တစ်ခု မကြာမတင်မှာ
ပင် ပေါ်လာခဲ့သည်။ ယင်းမှာ ဂျူးတစ်ယူသန်တစ်ဦးက ဝန်ကြီးချုပ် ရာဘင်ကို လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းပင်ဖြစ်လေသည်။
နဝမမြောက်သမ္မတ
ပဲရက်သည်ကား အစ္စရေးနိုင်ငံ၏ နဝမမြောက်သမ္မတအဖြစ် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ တာဝန်ထမ်းရွက်ခဲ့လေ သည်။
နိုင်ငံရေး အစဉ်အလာကြီးမားသူတစ်ဦး အဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်သော ပဲရက်မှာ ၁၉၅၉ ခုနှစ်မှစ၍ လွှတ်တော် အမတ်အဖြစ် ၂ဝဝ၇ ခုနှစ်အထိ ဆက်တိုက်
တာဝန်ထမ်းရွက်ခဲ့သူဖြစ်သည်။
ဘဝဖြတ်သန်းမှု
ပဲရက်ကို ၁၉၂၃ ခုနှစ်တွင် ဇီမွန်ပါစကီးမြို့၌ မွေးဖွားခဲ့ပြီး ၄င်း၏ ဇာတိချက်ကြွေ
ပိုလန်မြေမှ ဗြိတိန်အုပ်ချုပ်ခံ ပါလက်စတိုင်း နယ်မြေသို့ ၁၉၃၄ ခုနှစ်တွင် မိသားစုနှင့် အတူ ပြောင်းရွှေ့ခဲ့သည်။
လူငယ်ဘဝမှာပင် နိုင်ငံရေးလှုပ်ရှားခဲ့ သူဖြစ်ပြီး လူငယ်အဖွဲ့အစည်းတွင် ပါဝင် လှုပ်ရှားခဲ့သည်။
အစ္စရေး၏ လွတ်လပ်ရေးစစ်ပွဲကာလ အတွင်း ပဲရက်သည် လက်နက်အဝယ်တော် နှင့် စစ်သည်စုဆောင်းရေးအတွက် တာဝန်
ယူခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရေတပ် လုပ်ငန်းများဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် စစ်လက် နက်ပစ္စည်း အဝယ်တော်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ကာ အမေရိကန်
ပြည်တောင်စုသို့ သွားရောက်ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီး ဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ရပြီး ၁၉၅၃-၁၉၅၉ ခုနှစ်အထိ ညွှန်ကြားရေးမှူးချုပ်တာဝန်ယူခဲ့သည်။
ပဲရက်သည် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံ ခြားရေးဝန်ကြီး တာဝန်တို့တွင်လည်း ထမ်းဆောင်ခဲ့ဖူးသည်။
ပဲရက်၏ နိုင်ငံရေးအောင်မြင်မှုတစ်ခုမှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင် ချိန် အစ္စရေးဝန်ကြီးချုပ် ယစ်ဇတ်ရာဘင် နှင့် ပါလက်စတိုင်းခေါင်းဆောင် ယာဆာ အာရာဖတ်တို့နှင့်အတူ ပါလက်စတိုင်း ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ အော်စလို သဘောတူညီချက်များကို လက်မှတ် ရေးထိုးနိုင်ခြင်းဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် ငြိမ်းရေး နိုဘယ်ဆုကို ပူးတွဲချီးမြှင့်ခြင်း ခံခဲ့ရလေသည်။
အစ္စရေး၏ မဟာလူသား
အစ္စရေးနိုင်ငံ ထူထောင်သူများအနက် နောက်ဆုံးသက်ရှိထင်ရှားရှိနေခဲ့သူ ပဲရက်သည် စက်တင်ဘာ ၂၈ ရက်က ကွယ်လွန် အနိစ္စရောက်ခဲ့လေသည်။
ရက်သတ္တနှစ်ပတ်ကြာမျှ လေသင်တုန်း ရောဂါကို ခံစားခဲ့ရပြီးနောက် ကွယ်လွန် ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၃နှစ်ရှိပြီဖြစ်သည်။
စက်တင်ဘာ ၃ဝ ရက်က ကျင်းပသော နိုင်ငံတော်ဈာပန အခမ်းအနားသို့ ကမ္ဘာ့ ခေါင်းဆောင် အများအပြား တက်ရောက် ခဲ့ကြသည်။
အစ္စရေးပြည်သူတို့က ပဲရက်ကို မဟာလူသားအဖြစ် ရှုမြင်ကြပြီး ဆယ်စုနှစ်ပေါင်းအတန်ကြာမျှ နိုင်ငံရေးလောက၏ မီးရှူး တန်ဆောင်အဖြစ် ရပ်တည်ခဲ့သူအဖြစ် ထာဝရတမ်းတနေကြပေလိမ့်မည်။
ပဲရက်သည် ရာစုနှစ် ထက်ဝင်ကျော်မျှ နိုင်ငံရေးလောကတွင် ကျင်လည်ခဲ့ပြီး
အစ္စရေးပြည်သူတို့အတွက် မဟာလူသား အဖြစ် သမိုင်းမော်ကွန်းရေးထိုးကြပေလိမ့် မည်။
ငြိမ်းချမ်းရေး ခြေလှမ်းများ
ပါလက်စတိုင်းတို့နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်လျှင် မြေထဲပင်လယ်
ဒေသတစ်လျှောက် ပင်လယ်ဆိပ်ကမ်းများ ကို ဖွင့်လှစ်နိုင်မည်ဟု ပဲရက်က ဆိုခဲ့ဖူး သည်။ ခေါင်းဆောင်တို့၏ တာဝန်မှာ လွတ်မြောက်မှုအတွက် မနားမနေကြိုးပမ်း ရန်ဖြစ်သည်၊ ရန်သတ္တရုပြုမှုများ၊ သံသယ ပွားမှုများနှင့် စိတ်ပျက်ဖွယ်ရာများ ရှိနေ သည့်တိုင်အောင် ပြည်သူတို့ လွတ်မြောက် အောင် ကြိုးပမ်းသင့်သည်ဟု သူ့ယုံကြည် ချက်ကို ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
သဘာဝအရင်းအမြစ်များ မရှိသည့် နယ်မြေပေါ်တွင် စိတ်ဓာတ်ခွန်အားကို အရင်းတည်၍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနိုင်သည့် နိုင်ငံအဖြစ် အစ္စရေး
နိုင်ငံကို တည်ဆောက်နိုင်ခဲ့သည်။
ပဲရက်ကို ငြိမ်းချမ်းရေးတည်ဆောက်သူ တစ်ဦးအဖြစ် အနောက်အုပ်စု နိုင်ငံများနှင့်အစ္စရေးပြည်သူတို့က သမိုင်းမော်ကွန်းရေး ထိုးကြခြင်းမှာ ယုတ္တိတန်သည်ဟု ဆိုနိုင်ပေလိမ့်မည်။ သို့ဖြစ်လင့်ကစား ပါလက်စတိုင်း
တို့နှင့် အာရပ်နိုင်ငံများကမူ ပဲရက်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်းမှတ်
တမ်းများနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ ရှိနေပေသည်။ အာရပ်-အစ္စရေးစစ်ပွဲ များ ဆက်တိုက်ဖြစ်ပွားခဲ့ရာတွင် ပဲရက်၏ ပါဝင်ပတ်သက်မှုကို ထောက်ပြကာ မေးခွန်းများ ထုတ်ခြင်းဖြစ်သည်။ မည်သို့ ဆိုစေ အမျိုးသားရေး အကျိုးစီးပွားနှင့် ယှဉ်လျှင် နိုင်ငံ့ခေါင်းဆောင်တို့မှာ ပြည်သူတို့၏ အရေးကိုသာ ဦးထိပ်ပန်ဆင်ကြ လေ့ရှိပေရာ ပဲရက်ကို 'ငြိမ်းချမ်းရေး လိုလားသော စစ်သူရဲကောင်း' ဟူ၍ ခေါ်တွင်နိုင်မည်ဟု ကျွန်ုပ်တွေးတော မိပါသတည်း။ ။

No comments:

Post a Comment