Saturday, October 29, 2016

နိုင်ပွဲရဖို့ကြိုးစားရဦးမယ်ဆိုတဲ့ ဂွါဒီယိုလာ


ကောင်းမြတ်သူ-စုစည်းသည်

EFL ဖလား စတုတ္ထအကျော့ပြိုင်ပွဲမှာ မန်စီးတီးက မန်ယူကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့် သွားပြီးတဲ့နောက် မန်စီးတီးတို့အနေနဲ့ နိုင်ပွဲတွေရဖို့ ကြိုးစားရဦးမယ်လို့ နည်းပြ ဂွါဒီ ယိုလာက ပြောဆိုလိုက်ပါတယ်။
မန်စီးတီးရဲ့ ဒီရှုံးနိမ့်မှုဟာ ဂွါဒီယိုလာလက်ထက်ခြောက်ပွဲ ဆက်တိုက်နိုင်ပွဲမရတဲ့ အဖြစ်နဲ့ ရင်ဆိုင်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။ မန်စီးတီးတို့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ရောက်နေသော်လည်း နည်းပြဂွါဒီယိုလာရဲ့ လက်ထက်မှာ အဆိုးရွားဆုံးအခြေအနေ လို့ ဆိုပါတယ်။ ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းရဲ့ ကစားကွက်ပုံစံကို ပြောင်းလဲ သွားဖို့ လူငယ်ကစားသမားတွေနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ဒီနှစ်ပရီမီယာလိဂ်မှာ ဖလားဆွတ်ခူးနိုင်ခြင်းရှိတဲ့ အသင်းပါ။ သို့ပေမယ့် လက်ရှိခြေစွမ်းမှာတော့ ဆိုးရွားတဲ့ရလဒ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ စက် တင်ဘာ ၂၄ ရက်က ဆွမ်ဆီးကို အနိုင်ရပြီးနောက် မန်စီးတီးအသင်းကို နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။

No comments:

Post a Comment