Saturday, October 29, 2016

အသံ၏အလျင်ထက် အဆများစွာလျင်မြန်ပြီး နျူလက်နက် သယ်ဆောင်နိုင်သော လက်နက်ထိပ်ဖူးစနစ် ရုရှားစမ်းသပ်မှုအောင်မြင်



Image may contain: sky, cloud, outdoor and one or more people
မော်စကို အောက်တိုဘာ ၂၈
ပစ်မှတ် ၄၂ဝ၂ ဟူ၍ သိရှိကြပြီး အသံ၏ အလျင်ထက်အဆများစွာ ပိုမိုလျင်မြန်စွာ ပျံသန်းနိုင်သော နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်သည့် လက်နက်ထိပ်ဖူးစနစ်ကို ရုရှားနိုင်ငံက စမ်းသပ်ပစ်ခတ်ခဲ့ရာ အောင်မြင်မှု အပြည့်အဝရရှိကြောင်း ရုရှားသတင်းစာ အစ္စဘက်တီယာက အောက်တိုဘာ ၂၈ ရက်တွင် ရေးသားဖော်ပြသည်။
ပထမအကြိမ်စမ်းသပ်ပစ်ခတ်ရာ၌ အဆိုပါလက်နက်ထိပ်ဖူးသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး ပျံသန်းချိန်တွင် တစ်စက္ကန့်လျှင် ခုနစ်ကီလိုမီတာ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။ ယင်းလက်နက်ထိပ်ဖူးအား ရုရှားနိုင်ငံအနောက်ပိုင်း အိုရွန်ဘတ်ဒေသ ဒွမ်ဘာရိုဘက်စကီးဝန်းနယ်မြေမှ ရုရှားနိုင်ငံ အရှေ့ဘက်အစွန်း ကန်ချက်ကာဒေသရှိ ကူရာလက်နက်စမ်းသပ်ပစ်လွှတ်ရေးကွင်းသို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
အသံထက်လွန်စွာလျင်မြန်သော လက်နက်ထိပ်ဖူး တည်ဆောက်နိုင်ခြင်းဖြင့် နောင်တွင် ယင်းလက်နက် ထိပ်ဖူးများသည် သမားရိုးကျလက်နက်ထိပ်ဖူးများ၏နေရာသို့ အစားထိုးဝင်ရောက်လာမည်ဖြစ်ကြောင်း၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များထုတ်လုပ်ရန် အလားအလာကိုဖြစ်ပေါ်စေကြောင်း အဆိုပါသတင်းစာ၌ ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment