Saturday, October 29, 2016

စစ်အေးတိုက်ပွဲများထပ်မံပေါ်ပေါက်ရန် နေတိုးအလိုမရှိ


Image may contain: 1 person , suit
 မော်စကို အောက်တိုဘာ ၂၈

နေတိုးတပ်ဖွဲ့သည် ရုရှားနှင့် ထိပ်တိုက်တွေ့ဆုံလိုခြင်းမရှိသလို စစ်အေးတိုက်ပွဲများ နောက်ထပ်ဖြစ်ပွားရန်လည်း အလိုမရှိကြောင်းနေတိုးအဖွဲ့၏ အထွေထွေအတွင်းရေး မှူးချုပ် ဂျင်စတိုတန်ဘတ်က ဘီဘီစီသို့ပြောကြားခဲ့သည်။
ဥရောပအရှေ့ပိုင်းသို့ တပ်သားသစ်လေးထောင်ကျော်ကို ထပ်မံဖြန့်ကြက်ရန် စီစဉ်ခဲ့ခြင်းသည် ကာကွယ်ရေးအစီအမံသက်သက်သာဖြစ်ပြီး ပဋိပက္ခများကိုဖန်တီးလိုသောသဘောမဟုတ်ကြောင်း ၄င်းကပြောကြားသည်။
လတ်တလောတွင် တင်းမာမှုများဖြစ်ပွားလျက်ရှိသော်လည်း မဟာမိတ်အဖွဲ့ အနေဖြင့် ရုရှားကို အ္တရာယ်ခြိမ်းခြောက်မှုတစ်ခုဟု တစ်ကြိမ်တစ်ခါမျှ ရှုမြင်ခဲ့ဖူးခြင်း မရှိသေးကြောင်း စတိုတန်ဘတ်ကပြောကြားခဲ့သည်။ စစ်အေးတိုက်ပွဲ ဖြစ်ပွားသည့် အချိန်မှစတင်ကာ ရုရှားနှင့်အနောက်နိုင်ငံများအကြား ဆက်ဆံမှုမှာ မရှိသလောက် နည်းပါးခဲ့သည်။
ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ၂ဝ၁၄ ခုနှစ်တွင် ရုရှားပိုင်နက်အဖြစ် သွတ်သွင်းခဲ့ချိန်မှစတင်ကာ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကရုရှားကို ပိတ်ဆို့မှု များလုပ်ဆောင်ခဲ့ကြသည်။
ဆီးရီးယားစစ်ပွဲသည် တင်းမာမှုများကို ဖော်ပြသည့်အခြေအနေတစ်ရပ်ဖြစ်ပြီး အနောက်အင်အားကြီးနိုင်ငံများက ရုရှားသည် အစိုးရကိုကူညီထောက်ပံ့သည့်အနေ ဖြင့် သူပုန်ထိန်းချုပ်ဧရိယာများတွင် လက်နက်ကြီးများပစ်ခတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း စွပ်စွဲခဲ့သည်။

(ဘီဘီစီ)

No comments:

Post a Comment