Saturday, October 29, 2016

လစ်ဗျားမှ ဥရောပသို့ထွက်ခွာလာသော ဒုက္ခသည်လှေတိမ်းမှောက် ၊ လူ ၉ဝ ထက်မနည်းပျောက်ဆုံး


Image may contain: 1 person , outdoor and water
ထရီပိုလီ အောက်တိုဘာ ၂၈

လစ်ဗျားမှ ဥရောပသို့ထွက်ခွာလာ သော ဒုက္ခသည်လှေတစ်စင်း တိမ်း မှောက်သွားခဲ့ရာ လှေပေါ်ပါ ဒုက္ခသည် ၉ဝထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း သည်အင်ဒီပင်းန်ဒင့်န် သတင်းတစ် ရပ်တွင် ဖော်ပြခဲ့သည်။
လူ ၁၂၆ဦးသယ်ဆောင်လာသော ဒုက္ခသည်လှေတစ်စင်းသည် လစ်ဗျား ကမ်းလွန် နှင့် ၂၆ မိုင် (၄၂ ကီလိုမီတာ)အကွာတွင် လှေထဲသို့ ရေများဝင် လာပြီး နစ်မြုပ်ခဲ့ကြောင်း လစ်ဗျား ရေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အာရော့ဘ်ဂက်စ်ဆင်က အောက် တိုဘာ ၂၇ ရက်တွင် ပြောခဲ့သည်။
စုစုပေါင်း လူ ၂၉ ဦးသာ ကယ် တင်နိုင်သေးကြောင်း၊ ကမ်းခြေ စောင့်တပ်ဖွဲ့များက နောက်ထပ် အသက်ရှင်ကျန်ရစ်သူများအား ရှာ ဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေ ကြောင်း၊ ပျောက်ဆုံးသူများတွင် အမျိုးသမီးသုံးဦးနှင့် ကလေးတစ်ဦး လည်းပါဝင်ကြောင်း သိရသည်။
ဒုက္ခသည်များ တင်ဆောင် လာသော မှောင်ခိုလှေသည် လစ်ဗျား အနောက်ဘက် တာဂျိုရာမှထွက်ခွာ လာခဲ့ခြင်းဖြစ်ကြောင်း၊ အာဖရိက လူမျိုးအများစုကို သယ်ဆောင် လာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းလှေသည် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် လှိုင်းလုံးကြီးနှင့် ထိပ်တိုက်တွေ့စဉ် နစ်မြုပ်ခဲ့ကြောင်း ဗိုလ်ချုပ် ဂက်စ်ဆင်က ပြောခဲ့သည်။
လစ်ဗျား သို့မဟုတ် အီဂျစ်မှ အီတလီကြား မိုင် ၃၇ဝ (၅၉၅ ကီလိုမီ တာ)ခန့်ရှိသည့် ခရီးရှည်ကြီးကို အရဲစွန့်သွားလာကြသော ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း ၃၈ဝဝ ကျော် ရေနစ် မြုပ်ခြင်းသို့မဟုတ် ကျပ်သိပ်နေသော တရားမဝင် ဒုက္ခသည်လှေထဲတွင် သေဆုံးခဲ့ကြောင်း ရှေ့တန်းဆေးတပ်ဖွဲ့ က ပြောခဲ့သည်။
၂ဝ၁၆ ခုနှစ်သည် ဒုက္ခသည် သေဆုံးမှုနှုန်း အမြင့်မားဆုံးနှစ်တစ်နှစ် ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်များမှာ စစ်ပွဲမှထွက် ပြေးလာသူများ၊ ခေါင်းပုံဖြတ်ဖိနှိပ် အမြတ်ထုတ် ခြင်းမှ ရုန်းထွက်လာသူ များ၊ ဆင်းရဲချွတ်ခြုံကျမှုကြောင့် ထွက် ပြေးလာကြသူများဖြစ်ကြသည်။

(သည်အင်ဒီပင်းန်ဒင့်န်)

No comments:

Post a Comment