Sunday, October 30, 2016

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မိုင်ဒူဂူရီမြို့တွင် အသေခံဗုံးခွဲသမားနှစ်ဦး ဖောက်ခွဲတိုက်ခိုက်၍ လူရှစ်ဦးသေဆုံး



Image may contain: 1 person , outdoor and nature
မိုင်ဒူဂူရီ အောက်တိုဘာ ၂၉

နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ မိုင်ဒူဂါရီမြို့တွင် အသေခံဗုံးခွဲသမားနှစ်ဦး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း နိုင်ဂျီးရီးယား စစ်ဘက်က ပြောကြားသည်။ မိုင်ဒူဂူရီမြို့သည် နိုင်ဂျီးရီး ယားနိုင်ငံတွင် အကြမ်းဖက်သောင်းကျန်းမှု သက်တမ်း ခုနစ်နှစ်ကြာပြီဖြစ်သည့် ဘိုကိုဟာရမ် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့၏ လှုပ်ရှားရာ အချက်အချာဒေသ ဖြစ်သည်။
ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ လတ်တလောတွင် မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့ တာဝန်ရှိကြောင်း မပြောကြားသော်လည်း နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းတွင် အစ္စလာမ္မစ် နိုင်ငံထူထောင်ရေးအတွက် ကြိုးပမ်းနေသည့် ဘိုကိုဟာရမ်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ထင်ရှားသိသာသည်ဟု သတင်းတွင် ဖော်ပြသည်။ ဘိုကိုဟာရမ်စစ်သွေးကြွများ၏ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် နိုင်ဂျီးရီးယားတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူပေါင်း နှစ်သန်းကျော်ရှိပြီဖြစ်သည်။
မိုင်ဒူဂူရီမြို့ ဆင်ခြေဖုံးရှိ ရွှေ့ပြောင်းခိုလှုံသူများ နေထိုင်ရာ ဘာကာဆီစခန်းရှေ့တွင် အသေခံဗုံးဖောက်ခွဲသူ အမျိုးသမီးတစ်ဦးက ဒေသစံတော်ချိန် နံနက် ၂ နာရီ တွင် ၎င်းကိုယ်၎င်း အသေခံဗုံးဖောက်ခွဲခဲ့ရာ အမျိုးသား ငါးဦးသေဆုံးပြီး အမျိုးသမီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဘက်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
ယင်းနှင့် တစ်ချိန်တည်းတွင် အခြားအသေခံဗုံးခွဲသူ အမျိုးသမီးတစ်ဦးက နိုင်ဂျီးရီးယားအစိုးရ ရေနံလုပ်ငန်း (အန်အန်ပီစီ)၏ လောင်စာဆီသိုလှောင်ဌာနအတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းကာ ၎င်းကိုယ်၎င်းအသေခံ ဗုံးဖောက်ခွဲ ခဲ့ရာ လူသုံးဦးသေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဘက်မှ သတင်းထုတ်ပြန်ကြေညာသည်။
ဆင်ဟွာ။

No comments:

Post a Comment