Monday, October 31, 2016

အီတလီအလယ်ပိုင်းတွင် အင်အားပြင်းမြေငလျင်လှုပ် အဆောက်အအုံများ ပြိုကျမှုဖြစ်ပွား



Image may contain: 2 people , outdoor
ရောမ အောက်တိုဘာ ၃ဝ
အီတလီနိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာ ၃ဝ ရက်က အင်အား ၆ ဒသမ ၆ ရှိ မြေငလျင်လှုပ်ခဲ့ရာအဆောက်အအုံ ပြိုမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ သို့ရာတွင် မြေငလျင်ကြောင့် သေဆုံးသူရှိသည်ဆိုသော သတင်းများမရရှိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက အောက်တိုဘာ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
အီတလီနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ယခုငလျင်သည် သြဂုတ် ၂၄ ရက်က လှုပ်ခဲ့သော မြေငလျင်ထက် ပိုမိုအင်အားပြင်းထန်သည်။ သြဂုတ်လအတွင်း လှုပ်ခဲ့သောမြေငလျင်ကြောင့် လူပေါင်း ၃ဝဝ နီးပါး သေဆုံးခဲ့ရသည်။
လွန်ခဲ့သည့် နှစ်လတာကာလအတွင်း နောက်ဆက်တွဲ မြေငလျင် ငယ်များလှုပ်မှုကို ခံစားခဲ့ရပြီးဖြစ်သောမြို့များသည် အောက်တိုဘာ ၃ဝ ရက်တွင် အင်အားပြင်းမြေငလျင်လှုပ်မှုကို ထပ်မံခံစားကြရခြင်း ဖြစ်သည်။ အီတလီနိုင်ငံ အလယ်ပိုင်းတွင် သြဂုတ် ၂၄ ရက်က အင်အား ၆ ဒသမ ၂ ရှိ ငလျင်လှုပ်ခဲ့ပြီးချိန်နောက်ပိုင်း နောက်ဆက်တွဲ မြေငလျင်ငယ် အကြိမ်ထောင်ပေါင်းများစွာ လှုပ်ခဲ့သည်။
အီတလီနိုင်ငံအလယ်ပိုင်း မာချူးနှင့် အမ်ဘရိယာဒေသများ၌ အဆောက်အအုံများပျက်စီးရမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်ရကြောင်း၊ အူဆေတာမြို့ငယ်၌ ပြိုကျခဲ့သည့် အဆောက်အအုံ၏ အပျက်အစီး အပိုင်းအစများအတွင်း ပိတ်မိနေသူ လူသုံးဦးကို ကယ်ဆယ်ပေးခဲ့ရကြောင်း၊ သို့ရာတွင် လူသေဆုံးမှုသတင်းများမရရှိကြောင်း အရေးပေါ် လုပ်ငန်းများဌာနက ပြောကြားသည်။
အီတလီနိုင်ငံ နော်စီကာမြို့၌ ရှေးဟောင်းဘာသာရေးအဆောက် အအုံများပြိုကျခဲ့ရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားကြသည်။
ရိုက်တာ။

No comments:

Post a Comment