Saturday, October 1, 2016

ဒုတိယသမ္မတ ဦးမြင့်ဆွေ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နှစ်နိုင်ငံဆက်ဆံရေးနှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ခဲ့မှုအခြေအနေများ ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၃ဝ 

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ မူရတ်ရာဘုစ်အက်တိစ်အား ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၁ဝ နာရီက နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ခဲ့မှုအခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment