Saturday, October 1, 2016

အသင်းကြီးတွေ အမှတ်ပြည့်ရအောင် အားထည့်ရဦးမယ့် ပရီမီယာလိဂ် ပွဲစဉ် (၇)

မိုးမြင့်လင်းလက်

ဒီတစ်ပတ်ရဲ့ ပရီမီယာလိဂ်ပွဲစဉ်(၇)ကို အောက်တိုဘာ ၁ ရက် ညပိုင်းနဲ့ ၂ ရက်နေ့တွေ မှာ ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ဆက် တိုက်ဆင်နွှဲနေရတဲ့အတွက် ပွဲပန်းနေပေမယ့် ပရီမီယာလိဂ်ထိပ်တန်းအသင်းတွေက တော့ ပွဲတိုင်းရမှတ်အပြည့်ရယူနိုင်ရေး ခြေကုန်ထုတ်ကြရဦးမှာ ဖြစ်ပါတယ်။ အရင်ပွဲ စဉ်တွေမှာ အမာခံကစားသမားတွေ အကုန်ထုတ်မသုံးခဲ့တဲ့ အသင်းတွေလည်း ဒီပွဲစဉ် မှာတော့ အဲဒီကစားသမားတွေကို ထုတ်သုံးပြီး ရလဒ်ကောင်းကို အပြိုင်ပုံဖော်ထုဆစ် ကြဦးမှာ သေချာနေပါတယ်။

ဟားလ်စီးတီးနှင့် ချယ်လ်ဆီး
တယ်ရီနဲ့ ဇူးမားတို့ ဒဏ်ရာကြောင့် ပါဝင်ဖို့မသေချာတဲ့ ချယ်လ်ဆီးဟာ ဒီပွဲကို ဟန် ချက်မပျက်အောင် အမာခံကစားသမားအစုံအလင်နဲ့ ပွဲထွက်လာပါလိမ့်မယ်။ အာဆင် နယ်၊ လီဗာပူးနဲ့ ဆွမ်ဆီးအသင်းတွေကို အနိုင်ရအောင် မကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီး ဟာ အခုပွဲမှာလည်း အဝေးကွင်းဖြစ်နေတာကြောင့် ရင်ပူစရာပါပဲ။ ဒါပေမယ့် ဘရုစ်၊ ဒေါ်ဆင်၊ လီနိုဟန်၊ လူအာတို့ ဒဏ်ရာရရှိနေတဲ့ ဟားလ်စီးတီးတို့လည်း ဒီပွဲမှာ ရစ်သမ် မှန်မှာ မဟုတ်တဲ့အတွက် ချယ်လ်ဆီးတို့ အားထည့်ရင် မျှော်လင့်ချက်ပြည့်ဝနိုင်ပါ တယ်။ ဒီနှစ်သင်းစလုံးဆုံတွေ့ခဲ့တဲ့ပွဲစဉ်တစ်လျှောက်မှာ ဟားလ်စီးတီးတို့ နိုင်ပွဲရတာ နည်းတာမို့ အဲဒီအစဉ်အလာကောင်းကို ဒီပွဲမှာ ချယ်လ်ဆီးတို့ ထိန်းသိမ်းပါလိမ့်မယ်။
ဆွမ်ဆီးနှင့် လီဗာပူး
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံခဲ့မှုကိုကြည့်ရင် လီဗာပူးက နှစ်ပွဲနိုင်ပြီး ဆွမ်ဆီး က တစ်ပွဲနိုင်ထားပါတယ်။ ဆွမ်ဆီးမှာ ဒိုင်ယာဒဏ်ရာရရှိနေသလို လီဗာပူးမှာ ဂိုမက်ဇ် နဲ့ အိုယိုတို့လည်း ဒဏ်ရာရရှိနေပါတယ်။ ဆောက်သမ်တန်နဲ့ မန်စီးတီးတို့ကို ဆက် တိုက်ရှုံးပွဲတွေ ကြုံတွေ့ထားရတဲ့ ဆွမ်ဆီးဟာ အခုပွဲက အိမ်ကွင်းဖြစ်တာမို့ အနိမ့်ဆုံး သရေတစ်မှတ်ရအောင် အားထုတ်ပါလိ့မ်မယ်။ လီဗာပူးတို့ကတော့ လက်ရှိမှာ အကောင်းဆုံးခြေစွမ်းပြသနေပြီး ဟားလ်စီးတီး၊ ချယ်လ်ဆီးနဲ့ လက်စတာအသင်းတွေ ကို ဆက်တိုက်နိုင်ပွဲရယူကာ နိုင်ပွဲတွေဆက်နေပါတယ်။ ဆွမ်ဆီးတို့ကတော့ ငါးပွဲ ဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေတာမို့ အခုပွဲမှာလည်း ပရိသတ်တွေအတွက် အပျော် ဆိတ်သုဉ်းတဲ့ ပွဲဖြစ်နေဦးမှာပါ။

မန်ယူနှင့် စတုတ်
ဖီးလ်ဂျုံးနဲ့ မာရှယ်တို့ ဒဏ်ရာရရှိနေတဲ့ မန်ယူဟာ လတ်တလောမှာတော့ အကောင်း ဆုံးပုံစံပြန်ရအောင် ကြိုးစားနေပါတယ်။ လက်စတာနဲ့ ဝက်စ်ဖို့ဒ်အသင်းတွေကို ဂိုး ပြတ်သွင်းပြီး နိုင်ပွဲတွေပြန်လည်ဖော်ဆောင်နေတဲ့ မန်ယူဟာ အခုပွဲ အိုးထရက်ဖို့ဒ်မှာ ဘယ်လိုကကြိုးနဲ့ ပွဲထွက်လာမလဲကြည့်ရမှာပါ။ လူအခင်းအကျင်း မှားရင်နိုင်ပွဲပျောက် ဆုံးတတ်တာကို မော်ရင်ဟို ခံစားခဲ့ရပြီဖြစ်တာမို့ ဒီပွဲမှာ သေသေချာချာပြင်ဆင်ပြီး စတုတ်ကို ဂိုးပြတ်သွင်းအောင်ပွဲခံနိုင်ရေး အားထုတ်ပါလိမ့်မယ်။ စတုတ်ဟာ မန်ယူနဲ့ နောက်ဆုံးသုံးပွဲကစားခဲ့ရာမှာ တစ်ပွဲစီနိုင်ပြီး သရေတစ်ပွဲဖြစ်ခဲ့တဲ့ ရလဒ်ကိုလည်း မေ့ ထားလို့မရတာမို့ မန်ယူတို့ပေါ့ဆရင် ခံစားချက်နက်ရှိုင်းသွားမယ့် ပွဲဖြစ်သွားပါလိမ့်မယ်။

တော့တင်ဟမ်နှင့် မန်စီးတီး
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုကိုကြည့်ရင် တော့တင်ဟမ်က တစ်ပွဲနိုင်ပြီး မန်စီးတီးက နှစ်ပွဲနိုင်ထားပါတယ်။ ပရီမီယာလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက်ရယူနေတဲ့ မန်စီးတီးတို့က အခုပွဲမှာလည်း အဝေးကွင်းဆိုပေမယ့် အလေးထားကစားပြီး နိုင်ပွဲကို ရအောင်ဖော်ဆောင်ပါလိမ့်မယ်။ မန်စီးတီးက ဒီနှစ်ပရီမီယာလိဂ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်တဲ့ အသင်းအဖြစ် ရပ်တည်နေတာမို့ အခုပွဲမှာလည်း မန်စီးတီးတိုက်စစ် မှူးတွေ ဂိုးဘယ်လောက်သွင်းယူနိုင်မလဲ ကြည့်ရမယ့်ပွဲပါ။
ဘန်လေနှင့် အာဆင်နယ်
မာတီဆက်ကာနဲ့ ရမ်ဆေးတို့ ဒဏ်ရာရရှိနေတဲ့ အာဆင်နယ်ဟာ ဝဲလ်ကော့နဲ့ ဆန်း ချက်ဇ်တို့က ဂိုးသွင်းခြေမြူးနေတာမို့ နိုင်ပွဲတွေဆက်တိုက်ရရှိနေပါတယ်။ ဘန်လေမှာ တော့ ဘားနက်စ်က ဒဏ်ရာရရှိနေပြီး ဂရေးက ပွဲပယ်ပြစ်ဒဏ်ခံနေရပါတယ်။ ဒီနှစ် သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုမှာ အာဆင်နယ်တို့ကချည်း နိုင်ပွဲတွေရယူထားပါ တယ်။ ဒါပေမယ့် အိမ်ကွင်းမှာ ကစားအားကောင်းပြီး ပြိုင်ဘက်တွေဆီက အမှတ်ရ အောင် ယူတတ်တဲ့ ဘန်လေကို အာဆင်နယ်တို့ အလေးထားကစားမှ ရလဒ်ကောင်း ပါလိမ့်မယ်။

လက်စတာနှင့် ဆောက်သမ်တန်
ဒဏ်ရာရကစားသမားတွေရှိနေတဲ့ လက်စတာတို့လည်း ဒီနှစ်မှာ ပုံမှန်ခြေစွမ်း အောက် ရောက်နေတဲ့အတွက် ရုန်းကန်နေရပါတယ်။ ဆောက်သမ်တန်မှာလည်း ဘိုဖယ်၊ ရိုဒရီဂွက်ဇ်တို့ ဒဏ်ရာရရှိပြီး ပါဝင်ကစားဖို့မသေချာပါဘူး။ အခုတလော တိုက်စစ်မှူးတွေက ဂိုးတွေသွင်းကာ နိုင်ပွဲတွေပြန်ရနေတဲ့ ဆောက်သမ်တန်ကို လက်စတာတို့ လက်ရှိကစားအားနဲ့ အကြိတ်အနယ်နွှဲရပါလိမ့်မယ်။ ယူရိုပါလိဂ်ပွဲပန်း နေတဲ့ ဆောက်သမ်တန်ကို လက်စတာတို့ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

ဆန်းဒါးလန်းနှင့် ဝက်စ်ဘရွန်း
ရွန်ဒွန်၊ ချက်လီတို့ ခြေစွမ်းပြနေတဲ့ ဝက်စ်ဘရွန်းတို့ အဝေးကွင်းဆိုပေမယ့် အမှတ် ရအောင် ရုန်းကန်ပါလိမ့်မယ်။ ဆန်းဒါးလန်းတို့က ဒီနှစ် ပရီမီယာလိဂ်မှာ နိုင်ပွဲဈေးဦး မပေါက်သေးတာမို့ နည်းပြဒေးဗစ်မိုယက်လည်း ဖိအားများနေပြီဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဝက်စ်ဘရွန်းတို့က အတက်ဘက်ရောက်နေတာမို့ အနိုင်မဟုတ်ရင်တောင် သရေရလဒ်ကို ရယူနိုင်ပါလိမ့်မယ်။

ဝက်စ်ဟမ်းနှင့် မစ်ဒယ်ဘရော့
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုကိုကြည့်ရင် ဝက်စ်ဟမ်းတို့ချည်း နိုင်ပွဲရခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းမှာ ကာရိုးလ်၊ ခရစ်ဝဲလ်၊ မာဆူအာနဲ့ ဆာခိုတို့ ဒဏ်ရာရနေပြီး ကြံ့ခိုင်မှုမရှိလို့ ပါဝင်ဖို့ မသေချာပါဘူး။ ဝက်စ်ဟမ်းတို့ ခံစစ်ပိုင်း အားနည်းနေလို့ မစ်ဒယ်ဘရော့တိုက်စစ်မှူးတွေ ကျော်ဖြတ်နိုင်မလားကြည့်ရမှာပါ။ ဒီပွဲမှာ အပြန်အလှန်တိုက်စစ်ဖွင့်ကစားမှာမို့ ကြည့်ကောင်းမယ့်ပွဲဖြစ်ပြီး အိမ်ရှင်တို့ အသာစီးရသွားနိုင်ပါတယ်။ ။

No comments:

Post a Comment