Sunday, October 30, 2016

ငြိမ်းချမ်းရေးလမ်းစဉ်တွင် မဖြစ်မနေသွားရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ဆုံးဖြတ်ချက်များချနိုင်


 
နေပြည်တော်  အောက်တိုဘာ  ၂၉

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ  (UPDJC)  အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပဒိုစောကွယ်ထူးဝင်း၊ ဦးသုဝေနှင့် အဖွဲ့ဝင်များဖြစ်ကြ သည့်     အစိုးရအဖွဲ့မှ  ကိုယ်စားလှယ်များ၊  နိုင်ငံရေးပါတီများမှ  ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  (NCA)      လက်မှတ်ရေး ထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒုတိယနေ့  အစည်းအဝေးတွင် UPDJC  ၏    လုပ်ငန်းလမ်းညွှန်ကို   ဆွေးနွေး အတည်ပြုခြင်း၊  UPDJC  အတွင်းရေးမှူးအဖွဲ့၏  လုပ်ငန်းလမ်းညွှန်ကို  ဆွေးနွေး အတည်ပြုခြင်း၊ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းလမ်းညွှန်ကို  ဆွေးနွေးအတည်ပြု ခြင်းနှင့်  အထွေထွေကိစ္စရပ်များအား   ဆွေးနွေးခြင်းတို့ကို   ဆောင်ရွက်ကြသည်။
အစည်းအဝေးအပြီးတွင်    ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ နိုင်ငံရေးပါတီများအစုအဖွဲ့မှ  ဒုတိယဥက္ကဋ္ဌ   ဦးသုဝေက UPDJC အဖွဲ့ဝင်များ အနေဖြင့်     မိမိတို့ကော်မတီ၏     ရည်ရွယ်ချက်များကို    အောင်အောင်မြင်မြင်   အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်  အရေးကြီးပါကြောင်း၊ ရည်ရွယ်ချက်များကို အောင်မြင်အောင်   အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ရည်ရွယ်ချက်ချင်း တူညီလျှင် ညီညွတ်မှုရရန်၊ ဆုံးဖြတ်ချက်များချရန် လွယ်ကူသော်လည်း ရည်ရွယ်ချက် ချင်း မတူညီပါက  ညီညွတ်မှုရရန်၊  ဆုံးဖြတ်ချက်များချရန် အခက်အခဲများရှိမည် ဖြစ်သောကြောင့်  ညှိနှိုင်းဆွေးနွေး၍ အဖြေရှာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
တိုင်းရင်းသား  လက်နက်ကိုင်များ    အစုအဖွဲ့  ဒုတိယဥက္ကဋ္ဌ   ပဒိုစောကွယ် ထူးဝင်းက   နိုင်ငံ၏ အနာဂတ်အတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်များက အနာဂတ် ၏   ငြိမ်းချမ်းရေးနှင့်     အနာဂတ်၏  ကောင်းစားရေးအတွက် အားလုံးစုစည်း ပြီး  ညှိနှိုင်းအဖြေရှာသည့်   နိုင်ငံရေး ဆွေးနွေးပွဲကို စတင်နိုင်ရန်   ဆောင်ရွက် ကြခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်ချမှတ် သည့်   နေရာတွင်     လက်တွေ့ကျပြီး အကောင်အထည်ဖော်နိုင်သည့် အခြေ အနေကို ဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊   လက်တွေ့မကျသည့်      ဆုံးဖြတ်မှု၊        ဆောင်ရွက်မှုများကို    လုပ်ဆောင်သည့် အခါ မိမိတို့လိုချင်သည့် မိမိတို့ မျှော်မှန်း သည့်       ရည်မှန်းချက်ပန်းတိုင်ကို ရောက်မည်မဟုတ်ပါကြောင်း။
လက်တွေ့ အကောင်အထည်ဖော် သည့်နေရာတွင်  အစုအဖွဲ့ တစ်ဖွဲ့ချင်းစီ က တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ ကောင်းစားရေး အတွက် UPDJC  ၏ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြန်ရန် UPDJC  အဖွဲ့ဝင် တစ်ဦး ချင်းစီတွင် လည်းကောင်း၊ တစ်ဖွဲ့ချင်းစီ တွင်လည်းကောင်း      တာဝန်ရှိသည့် အတွက် အတူတကွ ပူးပေါင်းပြီး အေးချမ်း သည့်  နိုင်ငံတော်ကြီး တည်ဆောက်နိုင် ရန်   ကြိုးစားဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြားသည်။
ပြည်ထောင်စု       ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယနေ့ ဆုံးဖြတ် ချက် ကိုးချက်နှင့်  မှတ်တမ်း ရှစ်ချက်ကို အောင်မြင်စွာရရှိခဲ့ပါကြောင်း၊   အထူး သဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်တွင်  မဖြစ် မနေ သွားရမည့် အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲအတွက်   ဆုံးဖြတ်ချက် အတော်များများ     ချနိုင်ခဲ့ပါကြောင်း၊ လာမည့်   ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ     ဒုတိယ အစည်းအဝေးမတိုင်မီ လုပ်ဆောင်ရန်ကိစ္စ များစွာကို ယခုအစည်းအဝေးက ချမှတ် နိုင်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် မှတ်တမ်း များက အထောက်အကူများစွာ ဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။
UPDJC    အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်ကြာ   ကျင်းပခဲ့ပြီး     နိုင်ငံရေး ဆွေးနွေးမှုအဆင့်ဆင့်ပုံစံ  (Structure)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ၊    လူမျိုးအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲလုပ်ငန်းလမ်းညွှန်၊      ဒေသ အလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အကြောင်းအရာအလိုက် ဆွေးနွေးသော အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊   အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ လုပ်ငန်းလမ်းညွှန်၊  UPDJC  လုပ်ငန်း လမ်းညွှန်၊ UPDJC အတွင်းရေးမှူးအဖွဲ့ လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်းညွှန်၊  UPDJC  ရုံးအဖွဲ့ ဖွဲ့စည်းပုံ၊ ပထမအကြိမ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေး မည့်  ခေါင်းစဉ်ခွဲများကို   ဆွေးနွေးခဲ့ကြ သည်။
ယခု      အစည်းအဝေးအပြီးတွင် ဆုံးဖြတ်ချက် ကိုးချက်နှင့် မှတ်တမ်းတင်မှု    ရှစ်ချက်   ရရှိခဲ့ကြောင်းနှင့်   ''အမျိုးသား အဆင့်  နိုင်ငံရေးဆွေးနွေးပွဲများ''  ကို အဆင်သင့်ဖြစ်သည့်  တိုင်းဒေသကြီး၊  ပြည်နယ်များ၌  စတင်ကျင်းပနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment