Sunday, October 30, 2016

အင်ဒိုနီးရှားတွင် မိုင်းတွင်းပြိုကျမှုကြောင့် ပျောက်ဆုံးနေသော မိုင်းတွင်းလုပ်သား ၁၁ ဦးအား ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်


Image may contain: one or more people and outdoor
ဂျကာတာ အောက်တိုဘာ ၂၉ 

တနင်္လာနေ့ကတည်းက မြေအောက် ၅ဝ မီတာအနက်တွင် ပိတ်မိနေသော ရွှေသတ္တုမိုင်းတွင်းလုပ်သား ၁၁ ဦးအား ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ မှာ ရေကြီးမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသတွင်း သဘာဝ ဘေးအေဂျင်စီမှ အဆင့်မြင့်အရာရှိ တစ်ဦးက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျန်ဘီပြည်နယ် မရန်ဂင်ဒေသ ဆင်ပန်ပရစ်တ်ရွာ၌ တည်ရှိသော ရွှေသတ္တုမိုင်းတွင်းမှ ရေ များကို ဖယ်ထုတ်ရန်မှာ လတ်တလော တွင်အောင်မြင်မှုမရှိဘဲ ဖြစ်နေသည်။
ယင်းသတ္တုတွင်းသည် မြစ်ချောင်းအနီးတွင်တည်ရှိကာ မြစ်ချောင်းမှ ရေများစိမ့်ဝင်မှုကြောင့် ကယ်ဆယ် ရေးလုပ်ငန်းများ နှောင့်နှေးနေရခြင်း ဖြစ်ကြောင်း ဒေသတွင်း သဘာဝဘေး အေဂျင်စီမှ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သူ ဒယ်မန်တိုက ပြောခဲ့သည်။
သတ္တုတွင်းအနီးရှိ မြစ်မှာလည်း ရေစီးသန်သောကြောင့် ရေကြီးမှုများ သည် ယင်းဒေသတွင် ဆက်လက်ဖြစ်ပေါ် နေကြောင်း ၄င်းက ဆင်ဟွာသို့ ပြော ကြားခဲ့သည်။ ယင်းသို့သော အခြေအနေ များကြောင့် မိုင်းတွင်းပိတ်မိအလုပ်သမား ၁၁ ဦး၏ တည်နေရာကို အတိအကျ မသိရသေးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
တပ်မတော်သားများ၊ ရဲများနှင့် ဒေသကယ်ဆယ်ရေးလုပ်သားများလည်း ပူးပေါင်းရှာဖွေလျက်ရှိကြောင်း သိရ သည်။

(ဆင်ဟွာ)

No comments:

Post a Comment