Sunday, October 30, 2016

အမေရိကန်လေကြောင်းလိုင်းအုပ်စု ဂျက်လေယာဉ်တစ်စင်း ပျံတက်ပြီး မကြာမီ အင်ဂျင်မီးလောင်မှုဖြစ်ပွား



No automatic alt text available.
ဝါရှင်တန် အောက်တိုဘာ ၂၉ 

အောက်တိုဘာ ၂၉ ရက်က ချီကာဂို အိုဟဲလ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမေရိကန်လေကြောင်းလိုင်းအုပ်စု ဂျက်လေယာဉ်တစ်စင်း ပျံတက်ပြီးမကြာမီ အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ထွက်ခွာမှုခရီးစဉ်ကို ရပ်နားကာ အရေးပေါ် ထွက်ပေါက်မှနေ၍ ခရီးသည်များကို ကယ်ထုတ်ခဲ့ရကြောင်း သက်ဆိုင်ရာ အာဏာ ပိုင်များက ပြောခဲ့သည်။
အဆိုပါ မတော်တဆဖြစ်ရပ်တွင် တစ်ဦးတစ်ယောက်မျှထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။ အမေရိကန်လေကြောင်းလိုင်း ၃၈၃ မှ ဘိုးရင်းစီအို ၇၆၇ သည် ခရီးသည် ၁၆၁ ဦး လိုက်ပါလျက် လေယာဉ်အမှုထမ်းကိုးဦးနှင့်အတူ မီယာမီသို့ ဦးတည်ပျံသန်းပြီးမကြာမီ ညာဘက်တောင်ပံ အင်ဂျင်မီးလောင်မှုဖြစ်၍ အိုဟဲလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ညာဘက်အင်ဂျင်မီးလောင်ရာမှ မီးခိုးလုံးကြီးများထွက်နေပြီး ဘယ်ဘက်၌ အရေးပေါ်လုပ်ဆောင်မှုများ ဆောင်ရွက်နေသည်ကို ဒဗလျူအယ်လ်အက်စ် ရုပ်မြင်တွင် တွေ့ကြရသည်။ မီးသတ်ကားများက မီးများငြှိမ်းသတ်ကာ ခရီးသည် များအား ကယ်တင်ခဲ့ကြသည်။
မီးသတ်အရာရှိ သီမိုသီဆန်ပေးက အဆိုပါ ယင်းမတော်တဆဖြစ်မှုသည် လွန်စွာ ဆိုးရွားကြောင်းပြောခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment