Sunday, October 30, 2016

အမေရိကန်အဆိုတော်နှင့် သီချင်းရေးဆရာ ဘော့ဘ်ဒိုင်လန် နိုဘယ်လ်ဆုလက်ခံယူမည်


Image may contain: 3 people
စတော့ခ်ဟုမ်း အောက်တိုဘာ ၂၉ 

ယခုလအစောပိုင်းက စာပေဆိုင်ရာ နိုဘယ်လ်ဆုချီးမြှင့်ခံခဲ့ရသည့် အမေ ရိကန်အဆိုတော်နှင့် သီချင်းရေးဆရာ ဘော့ဘ်ဒိုင်လန်သည် ယခုအခါ အဆိုပါ ဆုအား လက်ခံမည်ဖြစ်ကြောင်း ဆွီဒင်အကယ်ဒမီကို ပြောကြားခဲ့သည် ဟု ရိုက်တာသတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၉ရက်က ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၃ ရက်က နိုဘယ်လ်ဆုရှင်အဖြစ် ကြေညာပြီး နောက်တွင် ဆွီဒင်အကယ်ဒမီနှင့် အဆက်အသွယ်မလုပ်ခဲ့သည့် ဒိုင်လန် သည် နိုဘယ်လ်ဆုအဖြစ်ချီးမြှင့်ခဲ့ သည့် အမေရိကန်ဒေါ်လာ ၉ဝဝဝဝဝ နှင့်ညီမျှသော (ခရောင်း ၈ သန်း) နှင့် ပတ်သက်ပြီး မည်သည့်မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးပေ။
ဘော့ဘ်ဒိုင်လန်သည် ယခုအပတ် တွင် နိုဘယ်လ်ဆုအား လက်ခံမည်ဆို သည့် ပြန်ကြားမှုကို ပြုလုပ်ခဲ့သည်ဟု ဆွီဒင်အကယ်ဒမီအမြဲတမ်းအတွင်းရေး ဝန် ဆာရာဒန်နီယက်က ပြောကြားခဲ့ သည်။ ဘော့ဘ်ဒိုင်လန်အနေဖြင့် ဒီဇင် ဘာလတွင်ပြုလုပ်မည့် နိုဘယ်လ်ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခြင်းရှိ၊ မရှိ မဆုံးဖြတ်ရသေးကြောင်း နိုဘယ်လ် ဖောင်ဒေးရှင်းက ပြောခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment