Sunday, October 30, 2016

ပင်လယ်ရေကြောင်းကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စွာဆောင်ရွက်စေချင်



Image may contain: sky and outdoor
ရန်ကုန် အောက်တိုဘာ ၂၉
မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စွာဆောင်ရွက် စေချင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ပြီးခဲ့သည့် အောက်တိုဘာ ၁ဝ ရက်က အမိန့်ကြော်ငြာစာ၏ အပိုဒ်(က)တွင်ဖော်ပြခဲ့သော ကုန်ပိုင်ရှင်သည် ကုန်လက်ခံပြေစာ တင်ပြနိုင်ပါက ကိုယ်စားလှယ်လုပ်ငန်း ဌာနတွင် ကုန်ထုတ်ခွင့်အမိန့် (Deliver Order- D/O) တိုက်ရိုက်ထုတ်ယူခြင်းကို အောက်တိုဘာ ၁၁ ရက်မှစတင်၍ ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် အမိန့်ကြော်ငြာစာ၏ အပိုဒ်(ခ)တွင်ဖော်ပြခဲ့သော ကုန်သေတ္တာ ကြန့်ကြာကြေးကို ဆိပ်ခံတံတားနှင့် ကုန်းတွင်းကုန်သေတ္တာ စခန်းတို့တွင် ကုန်သေတ္တာလုပ်ငန်းလုပ်ကိုင်သူကိုယ်စားလှယ်များသည် အောက်တိုဘာ ၁၁ ရက်မှ စတင်၍ နှုန်းထားတစ်ခုသတ်မှတ်ကောက်ခံရန် ကြေညာထားမှုနှင့် စပ်လျဉ်း၍ ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများလုပ်ကိုင်နေကြသော လုပ်ငန်းရှင်ပြည်သူများ အတွက် နစ်နာမှုများရှိနေခြင်း၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုနယ်မြေ(Asian Free TradeArea-AFTA)တွင် အမြဲတမ်းအသင်းဝင်ဖြစ်နိုင်ရေးအား နှောင့်နှေး စေခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အဟန့်အတား ဖြစ်စေခြင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် စီးပွားရေး လုပ်ငန်းများကိုလုပ်ကိုင်နေကြသည့် အများပြည်သူအတွက် လုပ်ပိုင်ခွင့်အခက်အခဲများ ဖြစ်ပေါ်စေရခြင်း စသည်ဖြင့် အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်များမှ ဆိုကြသည်။
မြန်မာ့ဆိပ်ကမ်း၌ ကုန်သွယ်ရေကြောင်းလုပ်ငန်းကို နှစ်ပေါင်း ၂ဝ ကျော် Shipping Line အနေဖြင့် လုပ်ကိုင်နေသည့် ကပ္ပတိန်ဦးဟင်နရီခင်မောင်က ''အဓိကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ ဆိပ်ကမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေချင်တာပါ။ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ကွန်တင်နာ သေတ္တာ၊ ကုန်တင်ကုန်ချလုပ်ငန်းတွေမှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေအားလုံးကို အဆင်ပြေစေချင်ပါတယ်။ လက်ရှိမြန်မာ့ဆိပ်ကမ်းမှာ ကုန်ကောက်ခံနေတဲ့ ရန်ကုန် မြို့ဘက်က Port dues က သိပ်များနေပါတယ်။ အာရှ နိုင်ငံများထက်စာရင် လွန်စွာများနေတာပါ။ အဲလိုဖြစ် တာဟာ အားလုံးအတွက် နစ်နာရပါတယ်။ ကုန် ကောက်ခံနေတဲ့ Port dues ကို သုံးပုံတစ်ပုံလျှော့ချသင့်ပါ တယ်။ အဲလိုလျှော့ချလိုက်တာနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ ဈေးကွက်က နေရာထဲထဲဝင်ဝင်ရလာပါလိမ့်မယ်။ အာရှမှာ ရှိနေတဲ့ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန် နိုင်ငံများနည်းတူ ဖြစ်သွားပါလိမ့်မယ်။ ဒီလို Port dues ကို လျှော့ချလိုက်တာဟာ ဝန်ကြီးဌာနအနေနဲ့ကတော့ ဝင်ငွေလျော့ကျသွား တယ်ဆိုပေမယ့် ပြည်သူများအတွက် လွန်စွာအကျိုးရှိသွား ပါလိမ့်မယ်။ ပဲရာသီ၊ ဆန်ရာသီကျရင် လွန်စွာတိုးတက် လာပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံရဲ့ export က သိသာ စွာတိုးတက်လာပါလိမ့်မယ်။ ခုမြန်မာ့ဆိပ်ကမ်းအာဏာပိုင် က ကြေညာထားတဲ့အပိုင်းကိုလည်း တာဝန်ရှိသူတွေအနေနဲ့ respondိ လုပ်ပေးစေချင်ပါတယ်''ဟု vintage luxury yatch ဟိုတယ်၌ပြုလုပ်ခဲ့သော စာနယ်ဇင်းရှင်းလင်းပွဲအပြီး ပြောကြားခဲ့သည်။
Amarapura Maritime Services ကုမ္ပဏီလီမိတက်မှ ဒေါ်ဖြူဖြူမောင်က ''မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ အမိန့်ကြော်ညာစာ ထုတ်ပြန်လိုက်တဲ့အပေါ်မှာ ကုန်ရှင်တွေနဲ့ ကျွန်မတို့ကြားမှာ အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ရဲ့ Fowarding များ၊ Shipping လိုင်းအသီးသီးမှာ ရှိနေတဲ့ဝန်ဆောင်မှုကို လုပ်ဆောင်နေတဲ့သူတွေဟာဆိုရင် ဝန်ဆောင်မှုကို လုပ်ဆောင်နေပေမယ့် ဝန်ဆောင်မှု အတွက်ကုန်ကျစရိတ်ငွေကို မြန်မာကျပ်ငွေနဲ့သာ ကောက်ခံနေတာပါ။ ဒါကို ငွေကောက်ခံမှုမရှိစေရဘူး။ သူတို့ဆီမှာပဲတစ်ခါတည်း release လုပ်ပေးမယ်ဆိုပြီး ပြောလိုက်တဲ့အတွက် customer တွေ အကုန်လုံးက အဲဒီမှာ ယူကြရပါတယ်။ အဲဒီမှာ ဘာအခက်အခဲဖြစ်မလဲဆိုတော့ ကုန်ပစ္စည်းတွေက နိုင်ငံခြားကလာရတဲ့အတွက် စာရွက်စာတမ်းတွေမရဘဲ ခေါက်တုံ့ခေါက်ပြန်သွားရပြီး လေးရက်လောက်ကြာနေတော့ ကုန်ရှင်နဲ့ကုန်သည်ကြားမှာ အခက်အခဲဖြစ်ရပါလိမ့်မယ်။ လာတဲ့သူရဲ့ ကုန်လက်ခံပြေစာ ကိုပြနိုင်တယ်ဆိုရင် ရန်ကုန်မှာရှိနေတဲ့ အင်ဖိုတာတွေကို ကုန်ပစ္စည်းများထုတ်ပေးမယ်ဆိုရင်တော့ အခက်အခဲ ဖြစ်စေရပါတယ်။ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ကုန်ပို့သူက ကျွန်မတို့ကို တရားစွဲနိုင်သလို blacklist စာရင်းသွင်းခံရနိုင် ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကျွန်မတို့ အားလုံးဟာဆိုရင် အသေးစားလုပ်ငန်းရှင်လေးတွေပါ။ ရုံးစရိတ်၊ ဝန်ထမ်းစရိတ်တွေရှိပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေ သိစေချင်ပါတယ်''ဟု ဆိုလေသည်။
မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်း ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင် ရေးအတွက် အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းများ၊ အတွေ့အကြုံများ၊ အခက်အခဲများနှင့် ကျွမ်းကျင်မှုများအား တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးပေးစေချင်ပါကြောင်း၊ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်များမှလည်း ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် ထောင်ပေါင်းများစွာသောကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ အခက်အခဲဖြစ်နိုင်သောကြောင့် ယခုကဲ့သို့သော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပြီးခဲ့သည့် အောက်တိုဘာ ၁ဝ ရက်ကဖော်ပြခဲ့သော အမိန့်ကြော်ငြာစာနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ပြန်လည်သုံးသပ်ပေးစေလိုပါကြောင်း အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များမှ လိုလားလျက်ရှိနေကြောင်း သိရသည်။
(စိုးဝင်း-MLA)

No comments:

Post a Comment