Saturday, October 1, 2016

တရုတ်ရေတပ် ရေကြောင်းကာကွယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်လည်ပတ်

Image may contain: 5 people , sky and outdoor
ရန်ကုန် စက်တင်ဘာ ၃ဝ
တရုတ်ရေတပ် ရေကြောင်းကာကွယ် ရေးအဖွဲ့မှ တိုက်ချင်းပစ် ဒုံးတင်စစ် ရေယာဉ် XIANG TAN နှင့် ZHOU SHAN စစ်ရေယာဉ် နှစ်စင်းသည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာန ချုပ်မှူး ဗိုလ်ချုပ်မြင့်ဦးနှင့် တပ်မတော် ရေမှ အရာရှိကြီးများ၊ အရာရှိ/ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang နှင့် တာဝန်ရှိသူများ၊ တရုတ် ပညာတော်သင် ကျောင်းသား ကျောင်းသူများနှင့် စီးပွားရေးပညာရှင် များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် လာရောက်ကြိုဆိုသူများ က စစ်ရေယာဉ်နှစ်စင်းအား တက်ရောက်လေ့လာကြည့်ရှုကြရာ အဆိုပါရေယာဉ်များမှ တာဝန်ရှိသူတို့ က စစ်ရေယာဉ်တွင် တပ်ဆင်ထား သော လက်နက်များ၏ အသုံးပြုပုံများ အကြောင်းကို လိုက်လံရှင်းလင်းပြသသည်။
''(၂၃)ကြိမ်မြောက်အဖြစ် အေဒင် ပင်လယ်ကွေ့မှာ ပင်လယ်ကူးသင်္ဘော တွေအတွက် ဓားပြရန်ကာကွယ်ဖို့နဲ့ ဆိုမာလီပင်လယ်ဓားပြတွေကို နှိမ်နင်း ဖို့ ငါးလကြာတာဝန်ထမ်းဆောင်ခဲ့ပါ တယ်။ အဲဒီကအပြန်မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု တွေ တိုးတက်ဖို့အတွက် အခုလို လာရောက်ခဲ့ခြင်းဖြစ်ပါတယ်''ဟုအဆိုပါ တရုတ်ရေတပ် ရေကြောင်းကာကွယ် ရေးအဖွဲ့မှ Senior Captain Mr. Wang Hongli က ပြောသည်။
ယနေ့ရောက်ရှိလာသည့် စစ်ရေ ယာဉ်နှစ်စင်းသည် အေဒင်ပင်လယ် ကွေ့တွင် ရေကြောင်းကာကွယ်ရေး တာဝန်ပြီးမြောက်ပြီးနောက် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခြင်းဖြစ် ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည် ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
စစ်ရေယာဉ်များတွင် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်မှ RADM Qin Wei, Deputy Director of Political Department, East Sea Fleet, PLA-N ဦးဆောင်သော အရာရှိ/ စစ်သည် စုစုပေါင်း ၇၂၈ ဦး လိုက်ပါ လာပြီး မြန်မာနိုင်ငံတွင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ငါးရက်ကြာ လေ့လာ လည်ပတ်သွားမည်ဖြစ်သည်။
ခရီးစဉ်တွင် တရုတ်ရေတပ်အရာရှိ များသည် မြန်မာ့တပ်မတော်ခေါင်း ဆောင်များနှင့်တွေ့ဆုံသွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံ အောက်ခြေ တပ်မတော်သားများက လည်း အပြန်အလှန်လည်ပတ်ကြမည် ဖြစ်ကာ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်သည် ၂ဝ၁၄ ခုနှစ်က တရုတ်ရေတပ် လေ့ကျင့်ရေးသင်္ဘော လာရောက်လည်ပတ်ပြီး နောက်ပိုင်း တွင် ထပ်မံရောက်ရှိလာသော အဖွဲ့ ဖြစ်ပြီး နှစ်နိုင်ငံစစ်ဘက်ခေါင်းဆောင် များကြား ရရှိခဲ့သည့်အရေးကြီးသော သဘောတူညီချက်ကို အကောင် အထည်ဖော်ရန် ရည်ရွယ်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို တိုးမြင့်စေမည့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို ခိုင်မာအောင် ဆောင်ရွက်ခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် တရုတ်-မြန်မာ နားလည်မှုရှိသော မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားဖြည့်ရန် ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ကြီး(ပဏီတ)

No comments:

Post a Comment