Saturday, October 1, 2016

မန်စီးတီးကို စပါးအနိုင်ကစားမည်

Image may contain: 2 people , text
မန်စီးတီးအသင်းသည် ပရီမီယာလိဂ်တွင် ရာနှုန်းပြည့် နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်သည့် အနေအထားကို ပိုင်ဆိုင်ထားသော်လည်း စပါးနှင့်ပွဲစဉ် တွင် မန်စီးတီးအသင်း သေချာပေါက် ရုန်းကန်ရမည် ဖြစ်ကာ မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေဖြင့် အခက်ခဲ ဆုံးသော စမ်းသပ်မှုကို ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း အင်္ဂလန်နာမည်ကျော် အားကစားအစီအစဉ်တင်ဆက်သူ ဂျီးနပ်စ်က သုံးသပ်လိုက်သည်။ သို့သော် ဂျီးနပ်စ်မှာ ယခင် စပါးကစားသမားတစ်ဦးဖြစ်ခြင်းကြောင့် စပါးအသင်းကို အလေးသာ သုံးသပ်မှုပြုခဲ့သည်ကို သတိပြုရမည်ဖြစ်သည်။
မန်စီးတီးအနေဖြင့် မန်ယူအသင်းကို သက်သောင့် သက်သာ အနိုင်ရခဲ့ခြင်းမှာ နည်းပြ မော်ရင်ဟိုသည် မန်ယူအသင်းကို ယခုနှစ်ဘောလုံးရာသီမှသာ စတင် ကိုင်တွယ်သူဖြစ်ရာ မန်ယူ၏ အကောင်းဆုံးကစားသမား ၁၁ ဦးကို ရွေးချယ်ရန် ခက်ခဲခဲ့ခြင်းကြောင့်ဖြစ်ပြီး စပါး နည်းပြ ပိုချက်တီနိုမှာ ကလပ်အသင်းကို ကာလကြာရှည် ကိုင်တွယ်လာသူဖြစ်သဖြင့် မန်ယူနှင့်ပွဲစဉ်ကကဲ့သို့ ထပ်မံလုပ်ဆောင်ပြနိုင်ရန် မမျှော်လင့်ထားသင့်ကြောင်း လည်း ဂျီးနပ်စ်က သတိပေးစကားဆိုခဲ့သည်။
ပရီမီယာလိဂ် ခြောက်ပွဲကစားပြီးချိန် စပါးအသင်း မှာ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၁၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၂)နေရာတွင် ရပ်တည်ထားနိုင်သည့်အတွက် နှစ်ပေါင်း (၅၁) နှစ်အကြာတွင် အကောင်းဆုံးသော ရာသီအစဖြစ်ခဲ့သည်။ စပါးတွင် ဒန်နီရို့စ်၊ အဲရစ်ဒိုင်ယာ၊ ဟယ်ရီကိန်းစသည့် အဓိက ကစားသမားများ ဒဏ်ရာ ရရှိနေသော်လည်း တိုက်စစ်ပိုင်းကို ဆွန်ဟောင်မင် အကောင်းဆုံး ဦးဆောင်ထားနိုင်ဆဲဖြစ်သည်ကို ချန်ပီယံ လိဂ်ပြိုင်ပွဲ စီအက်စ်ကေအေအား အဝေးကွင်းတွင် အနိုင် ယူပြီး သက်သေပြနိုင်ခဲ့သည်ဟု ဂျီးနပ်စ်က ယုံကြည်သည်။
မန်စီးတီးအသင်းသည် ဆဲလ်တစ်နှင့် သုံဂိုးစီ သရေ ကျခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်မတိုင်မီ ပြိုင်ပွဲစုံ ၁ဝ ပွဲဆက် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သော်လည်း ဆဲလ်တစ်နှင့် ပွဲစဉ်တွင် မန်စီးတီးအသင်း၏ အားနည်းချက်အချို့ကို မြင်တွေ့ခဲ့ရသလို ပြီးခဲ့သည့် ရက်သတ္တပတ် ဆွမ်ဆီးအား အနိုင်ကစားရန် ရုန်းကန်ခဲ့ရသည်။ စပါးအသင်းသည် ယခုနောက်ပိုင်းနှစ်များတွင် ခံစစ်ပိုင်း ပိုမိုကျစ်လျစ်လာ သလို ဒယ်လီအယ်လီ၊ ဟယ်ရီကိန်း၊ လာမယ်လာတို့ ကဲ့သို့ ငယ်ရွယ်သည့် ခြေစွမ်းထက်ကစားသမား အများ အပြားကို ပိုင်ဆိုင်ထားသည်။
ငွေကြယ်

No comments:

Post a Comment