Saturday, October 29, 2016

ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးနှင့် သက်ဆိုင်


ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပ
 
နေပြည်တော် အောက်တိုဘာ ၂၈

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး မှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားရာ၌ UPDJC ၏ အဓိကပန်းတိုင်မှာ ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ စစ်မီးများငြိမ်းမှ မိမိတို့
အေးချမ်းမည်ဖြစ်ပါကြောင်း၊ အေးချမ်း မှုရှိမှ ချမ်းသာအောင် လုပ်နိုင်မည်ဆို သည့် စကားလည်းရှိပါကြောင်း၊ ထို့ကြောင့် UPDJC ၏ အဓိကတာဝန် မှာ ပဋိပက္ခများငြိမ်းချမ်းပြီးချမ်းသာ သည့် ပြည်ထောင်စုကြီးတည်ထောင်နိုင် ရန်ပင်ဖြစ်ပါကြောင်း၊ ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် လက်နက်ကိုင်တပ်ဖွဲ့ များ အားလုံးနှင့် သက်ဆိုင်ပါကြောင်း။
အားလုံးကို ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များပါဝင်နိုင်ရေး
ငြိမ်းချမ်းရေးတည်ဆောက်မည် ဆို ပါက တစ်ယောက်နှင့်တစ်ယောက် သဘောထားချင်း ဖလှယ်ရမည်၊ အပြန် အလှန် စကားပြောရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆွေးနွေးတိုင်ပင်ပြီးမှ အဖြေ တစ်ခုရမည်ဖြစ်ပါကြောင်း၊ ထိုအချိန်မှ သဘောတူညီချက်များကို အကောင် အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားရန် သည် အင်မတန် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း များစွာ ရှိသည့်အတွက် အမျိုးသားအဆင့် ဆွေးနွေးပွဲများတွင် အားလုံးပါဝင်နိုင်ရန် ဦးတည်ပါကြောင်း၊ အားလုံးပါဝင်နိုင်ခြင်း ဆိုသည်မှာ အားလုံးကို ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များပါဝင်နိုင်ရေးကို ဆိုလိုခြင်းဖြစ် ပါကြောင်း။
အမျိုးသားအဆင့် ဆွေးနွေးပွဲများ နှင့် ပတ်သက်၍ စမ်းသပ်ကာလရောက် ပြီဟု ထင်မြင်ယူဆမိပါကြောင်း၊ တစ်ချိန် တည်းတွင် တစ်တိုင်းပြည်လုံး၌ အားလုံး ကို လုပ်ရန်သည် မဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ပထမဦးစွာ ဒေသကိုအခြေခံ ခြင်း၊ အမျိုးသားရေးကို အခြေခံခြင်း၊ လူမျိုးရေးရာကိုအခြေခံခြင်း စသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲ သုံးမျိုးကို နိုဝင်ဘာလတွင် ဆောင်ရွက်ရန် ရည်ရွယ် ထားပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲများမှ ရလဒ်များကိုကြည့်၍ ပိုမိုပီပြင်အောင် မည်သို့ဆောင်ရွက်ရမည်ကို ဆုံးဖြတ်နိုင် မည်ဖြစ်ပါကြောင်း။
တစ်ဦးချင်းစီ၌ တာဝန်ရှိ
ထို့ပြင် မိမိတို့အဖွဲ့များ အကြား ရင်းနှီးမှုရှိစေရန်၊ နီးစပ်မှုရှိစေရန် တစ်ဦး နှင့်တစ်ဦး နားလည်မှုယူနိုင်စေရန် အားလုံးကဝိုင်း၍ ကူညီပေးကြရန် မေတ္တာ ရပ်ခံ လိုပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ် တွင် အားလုံးတစ်စုတစ်စည်းတည်း ပါဝင် လာအောင်ဆောင်ရွက်ရန် မိမိတို့ တစ်ဦး ချင်း တစ်ဦးချင်းတွင် တာဝန်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ပါ က ယခုအစည်းအဝေးတွင် ထိုင်နေကြ သည့် ပုဂ္ဂိုလ်များသာမက ယခုအစည်း အဝေးသို့ မတက်ရောက်သော်လည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသည့် အစုအဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆက်နွှယ် သည့်သူများအားလုံးသည် တစ်ဦးချင်း တစ်ဦးချင်းစီ၌ တာဝန်ရှိသည်ဟု ခံယူစေ လိုပါကြောင်း။
ထို့ကြောင့် အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်မထိုးရသေး သည့် အစုအဖွဲ့များ တာဝန်ယူလာနိုင်စေ ရန် မည်သို့ဆောင်ရွက်ရမည်ဆိုသည့် နည်းလမ်းများကိုလည်း မိမိတို့ရှာဖွေရ မည်ဖြစ်ပါကြောင်း။
အချိန်ဆွဲနိုင်သည့် အခြေအနေမရှိ
ငြိမ်းချမ်းရေးရရန် ပဋိပက္ခများ ချုပ်ငြိမ်းရေး နည်းလမ်းတစ်မျိုးတည်း သာရှိပါကြောင်း၊ ထို့ကြောင့် ပဋိပက္ခရပ်စဲ ရေးကို အားလုံးက ဦးတည်ရမည်ဖြစ် ပါကြောင်း၊ မိမိတို့တွင် အချိန်ဆွဲနိုင်သည့် အခြေအနေမရှိပါကြောင်း၊ မိမိတို့နိုင်ငံ သည် အချိန်ဆွဲ၍မရပါကြောင်း၊ ငြိမ်းချမ်း ရေးညီလာခံ ပြင်ပတွင်နေ၍ အချိန်မဆွဲ ကြရန်နှင့် အားလုံးပါဝင်ကြရန် လိုအပ်ပါ ကြောင်း၊ အချိန်ဆိုသည်မှာ အကန့် အသတ်ရှိပါကြောင်း၊ အချိန်နှင့် ဒီရေ သည် လူကိုမစောင့်ဟူသည့် စကားပုံကို အားလုံးကြားဖူးကြလိမ့်မည် ဖြစ်ပါ ကြောင်း၊ မိမိတို့သည် အချိန်ကို မှန်မှန် ကန်ကန်သုံးစွဲရန် လိုအပ်ပါကြောင်း။
ဒုတိယ ပင်လုံအစည်းအဝေးကို ဖေဖော်ဝါရီလတွင်ကျင်းပရန် မျှော်မှန်း ထားပါကြောင်း၊ အားလုံးသည် အပစ် အခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးညီလာခံ၌ အပြည့်အဝပါဝင် လာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အဆိုပါမျှော်လင့်ချက်ကိုလည်း အကောင် အထည်ဖော်နိုင်ရန် မိမိတို့ကြိုးစားသွားမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေး သို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များ အားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်းပေး ကြပါရန် မိမိအနေဖြင့် မေတ္တာရပ်ခံပါ ကြောင်း။
ပံ့ပိုးရန်အဆင်သင့်ရှိ
မိမိတို့နိုင်ငံ၏ တိုးတက်မှုသည် ကမ္ဘာ၏တိုးတက်မှု၊ အောင်မြင်မှုဟု ရှုမြင် နေကြသည့် မိတ်ဆွေများ၊ ပညာရှင်များ သည် NRPC ၏ ငြိမ်းချမ်းရေးလုပ်ငန်း များကို ပံ့ပိုးရန်အဆင်သင့်ရှိပါကြောင်း၊ မိမိတို့အားလုံး ဝိုင်းဝန်းလက်တွဲ၍ ဖန်တီး ကြရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် အဆင်သင့်ဖြစ် နေသည့် အခြေအနေမှ တစ်ဆင့်တိုးပြီး အားလုံးက တက်တက်ကြွကြွပါဝင်နိုင် သည့် အဆင့်သို့ သွားရန်အတွက် မိမိတို့ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ အားလုံးကလည်း ဝိုင်းဝန်း ကူညီကြပါရန် မိမိအနေဖြင့် မေတ္တာရပ်ခံ ပါကြောင်း ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအစုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာ သည့် လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံတော်အတွက် အကျိုးမရှိသည့် အပြင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပြည်သူများအတွက် ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ထို လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ အားလုံးက တတ်နိုင်သည့်ဘက်မှ မိမိတို့ တတ်နိုင်သည့်တာဝန်ကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေးကိုအကောင်အထည် ဖော်ဆောင်ရွက်နေသည့် ခေါင်းဆောင် များသည် အချိန်မဆွဲဘဲအမြော်အမြင် ရှိရှိ၊ ဇွဲသတ္တိရှိရှိ ဆောင်ရွက်ရန် လိုအပ် သည့်အပြင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲ ရန်လည်း အထူးလိုအပ်ပါကြောင်း ပြော ကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင် နိုင်ငံ ရေးပါတီများအစုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက အစိုးရအဆက်ဆက် ငြိမ်းချမ်း ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများမှ သင်ခန်းစာယူရမည့် အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးပြောကြား သည်။
ဆွေးနွေးအတည်ပြု
ယနေ့ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးပထမနေ့တွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည် သုံးသပ်မှု ဆောင်ရွက်ချက်များအား UPDJC အတွင်းရေးမှူးအဖွဲ့က ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်ပုံစံကို ဆွေးနွေးအတည်ပြု ခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေး အတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများ ကြီးကြပ်မှုကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေ) လုပ်ငန်း လမ်းညွှန်ကို ဆွေးနွေးအတည်ပြုခြင်း၊ UPDJC ရုံးအဖွဲ့ ဖွဲ့စည်းပုံဆိုင်ရာ မူဝါဒ အား အတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေး မည့်ခေါင်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအတည် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
 
(သတင်းစဉ်)

No comments:

Post a Comment