Saturday, October 29, 2016

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းဖွင့်



Image may contain: 4 people , table and indoor
ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ်ရှိ ရပ်ကွက် ၂၁ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းရည် မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီက အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအေးမင်းက သင်တန်းမှပို့ချသော ဘာသာရပ်၊ အကြောင်းအရာ၊ အမိန့်၊ ညွှန်ကြားချက်၊ ပို့ချမှု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရပ်ကွက်အတွင်း လက်တွေ့အသုံးချ သွားကြရန်ဖြစ်ကြောင်း၊ ရပ်ကွက် စာရေးများကလည်း သင်တန်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနည်းတူ ပြီးဆုံးသည်အထိ တက်ရောက်သင်ယူပြီး မိမိရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ လုပ်ငန်းများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပေါင်းစပ် လုပ်ကိုင်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းကို အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(၆၈၄)

No comments:

Post a Comment