Saturday, October 1, 2016

အစ္စရေးသမ္မတဟောင်း ရှီမွန်ပီရက်စ်အတွက် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပ



Image may contain: 2 people , outdoor and food
ဂျေရုဆလင် စက်တင်ဘာ ၃ဝ
ကွယ်လွန်သူ အစ္စရေး သမ္မတဟောင်း ရှီမွန်ပီရက်စ်၏ နိုင်ငံတော် ဈာပနအခမ်းအနားကို စက်တင်ဘာ ၃ဝ ရက်က ဂျေရုဆလင်မြို့၌ ကျင်းပရာ ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်အများအပြား တက်ရောက်ခဲ့ ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
အစ္စရေးနိုင်ငံထူထောင်သူ ပုဂ္ဂိုလ်များအနက် နောက်ဆုံးသက်ရှိ ထင်ရှားရှိခဲ့သူ ပီရက်စ်သည် ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်ရှိပြီ ဖြစ်သည်။ ပီရက်စ်သည် စက်တင်ဘာ ၂၈ ရက်တွင် တဲလ်အဗစ်မြို့ အနီးရှိ ဆေးရုံတစ်ရုံတွင် ကွယ်လွန်ခဲ့သည်။
နိုင်ငံတော်ဈာပန အခမ်းအနားတက်ရောက်ရန် အမေရိကန် သမ္မတ ဘာရက်အိုဘားမား၊ ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်း၊ မက္ကဆီကိုသမ္မတ ပီနာနီတို၊ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမားရှောက်ကရီ၊ ဝေလမင်းသား ချားလ်စ်၊ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် စသည့် ပုဂ္ဂိုလ်များ ရောက်ရှိလာခဲ့ကြသည်။
ဂျေရုဆလင်မြို့ဆင်ခြေဖုံးရှိ ဟာဇယ်တောင်ကုန်းတစ်နေရာတွင် ပီရက်စ်၏ ရုပ်အလောင်းကို ဂူသွင်းမြှုပ်နှံထားရှိမည်ဖြစ်သည်။ပီရက်စ်သည် ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတအဖြစ် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဈာပနပွဲ အခမ်းအနားတွင် ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ လက်ဆွဲနှုတ်ဆက်ခဲ့ ကြပြီး အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည် စတင်နိုင်ရေးအတွက် မိမိမျှော်လင့်မိကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment