Saturday, October 29, 2016

ရိုးမားတို့ အမှတ်ပြည့်ရယူနိုင်ဦးမယ့် အီတလီစီးရီးအေ ပွဲစဉ်(၁၁)


မိုးမြင့်လင်းလက်

ဒီတစ်ပတ် စနေ၊ တနင်္ဂနွေဖြစ်တဲ့ အောက်တိုဘာ ၂၉ ရက်နဲ့ ၃ဝ ရက် ညပိုင်းတွေမှာတော့ အီတလီစီးရီးအေပွဲစဉ်(၁၁) ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ ဒီပွဲစဉ်မှာတော့ တန်းစီ ဇယားထိပ်ပိုင်းနေရာတွေဖြစ်တဲ့ ဒုတိယနဲ့ တတိယမှာ ရိုးမားနဲ့ အေစီမီလန်တို့ အမှတ်တူနေတဲ့အနေအထားကို ပြောင်းလဲနိုင်ကြမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ ဒါ့ အပြင် ဒီနှစ်မှာ အားထုတ်မှုကောင်းတွေ ရရှိနေတဲ့ နာပိုလီရဲ့ စွမ်းဆောင်မှုကလည်း တန်းစီဇယားနေရာ အပြောင်းအရွှေ့ဖြစ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာတော့ အမှတ်ပါပဲ။

အမ်ပိုလီနှင့် ရိုးမား
တန်းစီဇယားဒုတိယနေရာမှာရှိနေတဲ့ ရိုးမားတို့ဟာ တန်းဆင်းဇုန်ထဲရောက်နေတဲ့ အမ်ပိုလီအသင်းကို ကျော်လွှားဖို့ဆိုတာ ခြေကုန်ထုတ်မှရမယ့် အနေအထား ရှိနေပါတယ်။ ခံစစ်အားပြုကစားတတ်တဲ့ အမ်ပိုလီဟာ ရိုးမားကို သရေပွဲရအောင် ကစားနိုင်ခဲ့တဲ့ မှတ်တမ်း တွေရှိတာမို့ အခုပွဲမှာတော့ အနိမ့်ဆုံးတစ်မှတ်တော့ ရအောင်ယူပါလိမ့်မယ်။ ရိုးမားရဲ့ နောက်ဆုံးငါးပွဲရလဒ် ကိုကြည့်ရင်တော့ နိုင်ပွဲတွေ ဆက်တိုက်ရထားတာမို့ အမ်ပိုလီတို့ တစ်မှတ်ရဖို့တောင် ခက်ခက်ပါပဲ။

အေစီမီလန်နှင့် ပီစကာရာ
အေစီမီလန်ရဲ့ တိုက်စစ်က ထက်မြက်မှုမရှိတာမို့ ပီစကာရာအသင်းကို သေသေချာချာပြင်ဆင်ကစားမှ ရပါလိမ့်မယ်။ ပီစကာရာတို့က တိုက်စစ်ရော ခံစစ်ပါ အားမကောင်းတာမို့ အေစီမီလန်တို့ အသာစီးရသွားဖို့ တော့များပါတယ်။ အေစီမီလန်တို့က ပီစကာရာနဲ့ နောက်ဆုံးငါးပွဲတွေ့ဆုံခဲ့ရာမှာ ဂိုးပြတ်တွေသွင်းပြီး နိုင်ပွဲတွေရယူနိုင်ခဲ့တာမို့ အခုပွဲမှာတော့ ဂိုးမပြတ် ပေမယ့် အိမ်ရှင်တို့ပဲ အောင်ပွဲခံသွားဖို့ အခွင့်အရေး များနေပါတယ်။

ဂျူဗင်တပ်စ်နှင့် နာပိုလီ
ဒီနှစ်စီးရီးအေမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ ဂျူဗင် တပ်စ်တို့က အခုပွဲမှာ နာပိုလီနဲ့ ဆုံတွေ့တာဟာ ပွဲကျပ် ပါပဲ။ နာပိုလီဟာ အဝေးကွင်းမှာ အမှတ်ဆုံးရှုံးမှုမရှိ အောင် ကစားနိုင်ပေမယ့် ဂျူဗင်တပ်စ်နဲ့ နောက်ဆုံးငါးပွဲ တွေ့ဆုံခဲ့ရာမှာ တစ်ပွဲသာအနိုင်ရရှိထားခဲ့ပါတယ်။ ဒီနှစ် မှာ ဂျူဗင်တပ်စ်ရဲ့ စီးရီးအေ သွင်းဂိုးအများစုဟာ အိမ် ကွင်းမှာ သွင်းယူခဲ့တာမို့ နာပိုလီတို့လည်း ခံစစ်ကိုပြုပြင် ထားမှ ရပါလိမ့်မယ်။ တိုက်စစ်ရော ခံစစ်ပါ အကောင်း ဆုံးအနေအထားရှိနေတဲ့ ဂျူဗင်တပ်စ်တို့ပဲ နိုင်ပွဲရသွား ဖို့များပါတယ်။
လာဇီယိုနှင့် ဆက်ဆူအိုလို
အိမ်ကွင်းမှာ ခံစစ်ပုံစံအကောင်းဆုံးပြသနိုင်တဲ့ လာဇီယိုတို့က အခုပွဲမှာ ဆက်ဆူအိုလိုကို ပညာပေးပါ လိမ့်မယ်။ လာဇီယိုရဲ့ အိမ်ကွင်းတိုက်စစ်က ခံစစ်ကို ဦးစားပေးလွန်းတာမို့ ထက်မြက်မှုမရှိပါဘူး။ ဆက်ဆူအို လိုတို့က ဒီနှစ်မှာ ခြေစွမ်းပုံမှန်မဖြစ်သေးတာမို့ လာဇီ ယိုကွင်းမှာ မျှော်လင့်ချက်ပြည့်ဝဖို့မလွယ်ပါဘူး။ အကြိုက် က လာဇီယိုဖြစ်ပြီး ဂိုးမပြတ်ဘဲ နိုင်ပွဲရသွားပါလိမ့်မယ်။

ဆမ်ဒိုးရီးယားနှင့် အင်တာမီလန်
ဒီနှစ်မှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတဲ့ အင်တာ မီလန်တို့ကတော့ ဆမ်ဒိုးရီးယားကွင်းမှာ အကြိတ် အနယ်ရုန်းကန်ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆမ်ဒိုး ရီးယားတို့ကလည်း အိမ်ကွင်းမှာ ခြေစွမ်းမပြနိုင်ဘဲ ဖြစ် နေတာမို့ ဒီပွဲမှာတော့ နှစ်သင်းစလုံးခြေကုန်ဖွင့်ရမယ့် အခြေအနေပါပဲ။ ဒါပေမယ့် ဒီနှစ်သင်းရဲ့ နောက်ဆုံးငါး ပွဲတွေ့ဆုံမှုမှတ်တမ်းကိုကြည့်ရင် အင်တာမီလန်တို့က နိုင်ပွဲရယူခဲ့တာများတာကြောင့် အခုပွဲဟာ လက်ရှိခြေ စွမ်းအရ အမှတ်ခွဲယူရဖို့ရှိနေပါတယ်။

အတ္တလန္တာနှင့် ဂျီနိုအာ
နိုင်ပွဲတွေဆက်တိုက်ရယူနေတဲ့ အတ္တလန္တာရဲ့ ခြေစွမ်း က အားရစရာပါပဲ။ အင်တာမီလန်၊ နာပိုလီ၊ ဖီအိုရင် တီးနားအသင်းတွေကို အနိုင်ယူထားတဲ့ အတ္တလန္တာတို့ ရဲ့ တိုက်စစ်၊ ခံစစ်တွေက အကောင်းဆုံးပုံစံရရှိနေပါ တယ်။ ဂျီနိုအာတို့ကတော့ ရလဒ်တွေဆက်တိုက်ဆိုးရွား နေတာကို ပြန်လည်ကောင်းမွန်ဖို့ ကြိုးစားနေရဆဲအခြေ အနေဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရ အတ္တလန္တာတို့ပဲ နိုင်ပွဲရသွားပါလိမ့်မယ်။

အူဒီးနိစ်နှင့် တိုရီနို
တိုရီနိုရဲ့အိမ်ကွင်းအားထုတ်မှုက အကောင်းဆုံးဖြစ် နေပြီး သွင်းဂိုးတွေကလည်း အားရစရာဖြစ်နေပါတယ်။ တိုရီနိုဟာ အူဒီးနိစ်နဲ့ နောက်ဆုံးငါးပွဲတွေ့ဆုံခဲ့တဲ့ ငါးပွဲ ရလဒ်ကိုကြည့်ရင် တိုရီနိုတို့က သုံးပွဲနိုင်ထားပြီး အူဒီးနိစ် က နှစ်ပွဲနိုင်ထားခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက တူညီပြီး ကွာဟမှုနည်းတာမို့ အခုပွဲမှာ သရေပွဲလည်း ဖြစ်သွားနိုင်ပါတယ်။ ။

No comments:

Post a Comment