Sunday, October 30, 2016

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်



 
ပြည်တွင်း ပြည်ပအားလုံးကလိုလားနေသော မြန်မာ့ငြိမ်းချမ်းရေး

အပစ်ရပ်စဲရေးစာချုပ်တွင်  လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များ ပါဝင် လာအောင်နည်းလမ်းများရှာရမည်ဖြစ်ပြီး အဆိုပါအဖွဲ့ များကလည်း ပါဝင် လာရန်စိတ်အားထက်သန်ဖို့ လိုအပ်ကြောင်း အောက်တိုဘာလ ၂၈ ရက် နေ့က နေပြည်တော်၌ကျင်းပသောUPDJC  အစည်းအဝေးတွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယခု  ပြည်ထောင်စုငြိမ်းချမ်းရေး       ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC ) အစည်းအဝေးမှာ  အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၁ ရက် နေ့အထိ ရန်ကုန်မြို့  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ ကျင်းပခဲ့သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် သုံးသပ်ခြင်းနှင့်  အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် အတွက် လုပ်ငန်းလမ်းòန်များ ဆွေးနွေးပွဲအပြီး ကျင်းပခြင်းဖြစ်ပါသည်။ ထိုဆွေးနွေးပွဲမှ သဘောတူညီချက်များကို ယခု  UPDJC အစည်းအဝေးမှ အတည်ပြုဆုံးဖြတ်ရန် ဖြစ်ပါသည်။   ထိုနိုင်ငံရေးဆွေးနွေးမှု  မူဘောင် သုံးသပ်သည့် ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော  တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ  (UNFC) ၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်း ရေးကိုယ်စားလှယ်အဖွဲ့ (DPN) ပါတက်ရောက်ခဲ့ခြင်းဖြစ်သည်။  ဤ သည်မှာ  NCA လက်မှတ်မရေးထိုးရသေးသော အဖွဲ့များကို ဤသို့အခွင့် အရေးပေးခြင်းအားဖြင့် အားလုံးပါဝင်သော သဘောတူညီမှုရှိသည့်မူဘောင် နှင့် လုပ်ငန်းလမ်းညွှန်များထွက်ရှိလာစေရန်ဖြစ်သည်။ သို့မှသာ  NCA  တွင် အားလုံးပါဝင်လက်မှတ်ရေးထိုးရန်အဆင်ပြေစေမည်ဖြစ်ပါသည်။
ထို့ကြောင့်ပင်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  အပစ်ရပ်စဲရေး စာချုပ်တွင်  လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များ ပါဝင်လာအောင် နည်းလမ်းများရှာရမည်ဖြစ်ပြီး  အဆိုပါအဖွဲ့များကလည်း ပါဝင်လာရန် စိတ်အားထက်သန်ဖို့လိုအပ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အားလုံးပါဝင်နိုင်ရေးကို   ဦးတည်ကြောင်း၊   အားလုံးပါဝင်နိုင်ရေးသည် အားလုံးကိုကိုယ်စားပြုသည့် ပုဂ္ဂိုလ်များပါဝင်နိုင်ရေးကိုဆိုလိုသည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလူမျိုးစုငယ်လေးများက သူတို့ကျန်ရစ်ခဲ့မှာလားဟု စိုးရိမ်ကြကြောင်း၊ ထို့နောက် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ် မှုမရှိသော တိုင်းရင်းသားလူမျိုးများကလည်း သူတို့ကျန်ရစ်ခဲ့မှာလား ဆို ပြီး စိုးရိမ်မှုဖြစ်လာကြောင်း၊ အားလုံးပါဝင်နိုင်အောင် စီစဉ်သွားမည်ဖြစ် ကြောင်း ပြောကြားသွားသည်ကို တွေ့ရပါသည်။
ယခုအချိန်မှာ  NCA စာချုပ်ပါအချက်များအတိုင်း  အမျိုးသား အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ရန်အချိန်အခါသင့်နေပြီဖြစ် သည်။ သို့မှသာ လာမည့်နှစ် ဖေဖော်ဝါရီလလောက်တွင် ကျင်းပရန်ရည်ရွယ် ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံအတွက် အဆင်သင့်ဖြစ်မည်ဖြစ်ပေသည်။ ထို့ကြောင့်ပင် အချိန်မဆွဲရန်လိုကြောင်း၊ အချိန်ဆွဲခြင်းနှင့် အချိန်ပေးခြင်းမတူကြောင်း၊ အချိန်ဆွဲနိုင်သည့်အခြေ အနေမရှိကြောင်း၊ ဤနိုင်ငံမှာ ၁ဝ စုနှစ်များနှင့်ချီ၍ ငြိမ်းချမ်းရေးကိုငတ်မွတ် နေခဲ့သောနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ပြော ကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုလိုလားကြောင်း၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းများကို   အားပေးကူညီမည်ဖြစ်ကြောင်း  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တရုတ်ပြည်ခရီးစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက လည်း ကတိပြုပြောကြားခဲ့သည်။ အိန္ဒိယခရီးစဉ်  ဂိုအာ၌ကျင်းပသော BRICS   နှင့် ဘင်းမ်စတက် အစည်းအဝေးကာလ၌  တရုတ်သမ္မတက ထိုကတိကဝတ်များအတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်မံပြောကြား ခဲ့သည်ကိုလည်းတွေ့ရပါသည်။ အိန္ဒိယဝန်ကြီးချုပ်ကလည်း မြန်မာ့ငြိမ်းချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေးကိုလိုလားကြောင်း ပြောကြားခဲ့ပါသည်။
ယခုအစည်းအဝေးတွင် 'အားလုံးက   မြန်မာနိုင်ငံကိုကူညီချင်ကြ ကြောင်း၊ အလှူရှင်များအင်မတန်များကြောင်း၊ ထိုသို့များရသည်မှာ မြန်မာ နိုင်ငံငြိမ်းချမ်းရေးရသည်ကို   မြင်ချင်ကြလို့ဖြစ်ကြောင်း၊'  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့သည်။   မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် ပြည်တွင်းပြည်ပလိုလားမှု   များပြားနေချိန်တွင်    နိုင်ငံရေး အင်အားစု၊ လက်နက်ကိုင်အင်အားစုအသီးသီးမှ       အားလုံးတက်တက်ြ<ွကြ<ွက ပါဝင်သွားနိုင်ရေး  ဝိုင်းဝန်းကူညီကြရန်  လိုအပ်လျက်ရှိနေပါကြောင်း ရေးသားဖော်ပြရပါသည်။    ။

No comments:

Post a Comment