Saturday, October 1, 2016

မန်စီးတီးရဲ့ နိုင်ပွဲဆက်မှုကို အဆုံးသတ်ခဲ့တဲ့ ဆဲလ်တစ်

ကောင်းမြတ်သူ-စုစည်းသည်

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဒီနှစ် ရာသီမှာ နိုင်ပွဲတွေဆက်ပြီး အောင်မြင်မှု တွေဆက်တိုက်ရနေတဲ့ အသင်းပါ။ သို့ ပေမယ့် ဆဲလ်တစ်နဲ့ ကစားတဲ့ပွဲမှာတော့ တစ်ဖက်သုံးဂိုးစီနဲ့ သရေပွဲဖြစ်သွားခဲ့တဲ့ အတွက် ဂွာဒီယိုလာရဲ့ ရာနှုန်းပြည့် အောင်မြင်မှုကို အဆုံးသတ်ခဲ့ပါတယ်။

အိမ်ရှင်ဆဲလ်တစ်အတွက် ဒမ်ဘီလီက သုံးမိနစ်၌ အဖွင့်ဂိုးသွင်းပြီး ၁၂ မိနစ်၌ ဖာနန်ဒင်ဟိုက မန်စီးတီးအတွက် ချေပဂိုးသွင်းယူခဲ့သည်။ မိနစ် ၂ဝ တွင် စတာလင်းက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့၍ ဆဲလ်တစ်တို့က နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်ခဲ့သည်။ ၂၈ မိနစ်တွင် စတာ လင်းက မန်စီးတီးအတွက် ပြန်ချေပပေး သည်။ ၄၇ မိနစ်တွင် ဒမ်ဘီလီက ဆဲလ်တစ်အတွက် တတိယဂိုးသွင်းယူ ပေးသော်လည်း ၅၅ မိနစ်တွင် နိုလီတိုက မန်စီးတီးအတွက် ချေပဂိုးသွင်းသဖြင့် သုံးဂိုးစီ သရေဖြစ်ခဲ့သည်။ ဆဲလ်တစ် တို့က နှစ်ပွဲကစား တစ်မှတ်၊ မန်စီးတီးက နှစ်ပွဲကစား လေးမှတ်ရရှိထားသည်။

No comments:

Post a Comment