Thursday, September 1, 2016

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဇနီး Mrs. Ban Soon-taek တို့ ရင်းရင်းနှီးနှီးတွေ့ဆုံ



Image may contain: table, one or more people and indoor

နေပြည်တော် သြဂုတ် ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဇနီး Mrs. Ban Soon- taek တို့သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ဇနီးနှင့် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ဇနီးတို့သည် ရင်းနှီးခင်မင်စွာ နှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတ၏ဇနီးက လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment