Thursday, September 1, 2016

ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများဖြစ်သည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်သက်ဆိုင်သောသင်တန်း ကျင်းပ



Image may contain: 5 people , table and indoor
နေပြည်တော် သြဂုတ် ၃၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အမေရိကန်သံရုံး Department of Justice Office of Prosecutorial Development, Assistance and Training (DOJ OPDAT) တို့ ပူးပေါင်း ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများဖြစ်သည့် နိုင်ငံဖြတ် ကျော်မှုခင်းများနှင့်သက်ဆိုင်သောသင်တန်းကို ယနေ့တွင် နေပြည်တော် Amara Hotel ၌ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးနှင့် ရဲအရာရှိကြီးများ၊ UNODC မှ Country Manager ဖြစ်သူ Mr. Troels Vester ၊ United States Department of Justice မှ Intermittent Legal Advisor ဖြစ်သူ Mr. Terry M. Kinney နှင့် သင်တန်းသား ၄ဝ တက်ရောက်ခဲ့ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦး၊ UNODC မှ Country Manager ဖြစ်သူ Mr. Troels Vester နှင့် United States Department of Justice မှ Intermittent Legal Advisor, Mr. Terry M. Kinney တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး United States Department of Justice မှ Mr. Terry M. Kinney နှင့် ကျွမ်းကျင်သူများက သင်တန်းပို့ချရသည့် ရည်ရွယ်ချက် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်ပတ်သက်၍ ခြုံငုံ သုံးသပ်ချက်၊ ကမ္ဘာပေါ်တွင်ကြုံတွေ့လာရသော မူးယစ်ဆေးဝါး မှုခင်းများ၏အန္တရာယ်များ၊ အတွေ့အကြုံများ၊ ပူးပေါင်းဆောင် ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
သင်တန်းကို သြဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၂ ရက် အထိ လေးရက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည့် နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အသေးစိတ် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment