Friday, September 30, 2016

မြန်မာ - ဗီယက်နမ် လွှတ်တော်များ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးလွှတ်တော်နှစ်ရပ်၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေး


Image may contain: 2 people , indoor
 နေပြည်တော် စက်တင်ဘာ ၂၉ 

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားညီလာခံ ဥက္ကဋ္ဌ H.E. Madam Nguyen Thi Kim Ngan နှင့်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော် ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်နှစ်ရပ်ကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံလွှတ်တော်များ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လွှတ်တော်နှစ်ရပ်၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသား လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment