Friday, September 30, 2016

မြန်မာ့လက်ရွေးစင်အသင်း ဘယ်လ်ဂျီယံ ဒုတိယတန်းကလပ်ကို အနိုင်ယူ


 
 
 
 
သတင်း-ရဲရင့်ရှိုင်း

ရန်ကုန် စက်တင်ဘာ ၂၉

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ဂျာမနီနိုင်ငံတွင် လေ့ကျင့် နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပဉ္စမမြောက် ခြေစမ်းပွဲအဖြစ် ဘယ်လ်ဂျီယံ ဒုတိယတန်း Patro Eisden အသင်းနှင့် စက်တင်ဘာ ၂၈ ရက်က ခြေစမ်း ကစားခဲ့ရာ လေးဂိုးပြတ် အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခရီးစဉ်တွင် ဒုတိယမြောက် နိုင်ပွဲရယူ နိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပွဲဆက် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။ အမာခံကစားသမား ကျော်ကိုကိုအပါအဝင် ကစားသမားနှစ်ဦးကို ပြန်လည်စေလွှတ်ခဲ့မှုကြောင့် ဝေဖန်မှု များ ထွက်ပေါ်ခဲ့သော်လည်း နည်းပြဂတ်ဖရိုင်းဒရစ်မှာ အသင်းကို အမှားအယွင်းမရှိ အောင် ကစားနိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဆက်ဖြိုးဝေ၊ ဇင်ဖြိုးအောင်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့ကာ
ကျော်ဇင်ဖြိုး(ဂိုး)၊ ကျော်ဇင်လွင်၊ ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ ဆောင်လမန်၊ မောင်မောင်လွင်၊ သန်းပိုင်၊ အောင်သူတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ တစ်မိနစ်မှာပင် သန်းပိုင်က မြန်မာအသင်းအတွက် ပယ်နယ်တီဧရိယာစည်းထိပ်မှ အဖွင့်ဂိုး စတင်သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းကစားသမား အပြောင်းအလဲလုပ် ခဲ့ပြီး အနိုင်ဂိုးများကို ၆၂ မိနစ်တွင် ရန်နိုင်ဦး၊ ၈၇ မိနစ်တွင် မျိုးကိုထွန်း၊ မိနစ် ၉ဝ တွင် ဝင်းနိုင်စိုးတို့က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် စက်တင်ဘာ ၃ဝ ရက် တွင် ဆိုက်ပရပ်စ်နိုင်ငံသို့ ပြောင်းရွှေ့လေ့ကျင့်မည် ဖြစ်ပြီး ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။

No comments:

Post a Comment