Friday, September 30, 2016

တရုတ်နိုင်ငံ အရှေ့ ပိုင်းမြေပြိုမှုများတွင် လူ ၃၂ ဦးပျောက်ဆုံးလျက်ရှိ


Image may contain: mountain, sky, outdoor, nature and water
ဟန်ကျို့ စက်တင်ဘာ ၂၉ 

ဇီကျန်အရှေ့ပိုင်းပြည်နယ်ရှိ ရွာနှစ်ရွာ တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃၂ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ပြည်နယ် အစိုးရက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
စူချန်စီရင်စု စူကန်ကျေးရွာတွင် စက်တင်ဘာ ၂၈ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်တွင် မယ်ဂီ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုဖြစ် ပွားခဲ့ကာ ဒေသခံ ၂၆ ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
အဆိုပါရွာရှိ အိုးအိမ်များလည်း ပျက်စီးသွားကြောင်းသိရပြီး အဆောက် အအုံများလည်း ရေစီးနှင့်မျောပါသွား ခဲ့သည်။
ထို့အပြင် တိုင်ဖွန်းမုန်တိုင်း မယ်ဂီ ကြောင့် ဝန်ချန်စီရင်စု ဘိုဖန်ကျေးရွာ တွင်လည်း မြေပြိုမှုနှင့်အတူ အိမ်များ ပျက်စီး ပြိုပျက်ခဲ့ပြီး လူခြောက်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရ သည်။
စက်တင်ဘာ ၂၉ ရက် နံနက် ၇ နာရီခွဲအထိ ရွာသားခြောက်ဦး ပျောက် ဆုံးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment