Friday, September 30, 2016

အမေရိကန်ကွန်ဂရက်က ပထမဆုံးအနေဖြင့် အိုဘားမား၏ဗီတိုအာဏာကို ပယ်ချ


Image may contain: 1 person , closeup
ဝါရှင်တန် စက်တင်ဘာ ၂၉ 

၉/ ၁၁ တိုက်ခိုက်မှုတွင် ဆွေမျိုးများ သေဆုံးခဲ့သည့် မိသားစုဝင်များ အနေဖြင့် ဆော်ဒီအာရေဗျကို တရားစွဲဆိုနိုင်သည်ဆိုသည့် အကြမ်း ဖက်လုပ်ရပ်များအပေါ် တရားမျှတ မှုရှိရန် ဥပဒေပြုရေး အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ဗီတို အာဏာကို စက်တင်ဘာ ၂၈ ရက်က ကွန်ဂရက်တွင် ပထမဆုံးအကြိမ်အဖြစ် ပယ်ချခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သော အိုဘားမား၏ ဗီတို အာဏာကို လွှတ်တော်အမတ်များ က ဆန့်ကျင်မဲများပေး၍ ပယ်ချခဲ့ သည်။ အိုဘားမားသည် ကွန်ဂရက်က အမှားတစ်ခုကို ပြုလုပ်လိုက်သည်ဟု ထင်မြင်မိကြောင်း ဆန္ဒမဲပေးခြင်း နောက်တွင် နိုင်ငံရေး သုံးသပ်ချက် များရှိနိုင်သည်ဟု ထင်မြင်ယူဆမိ ကြောင်း ပြောကြားခဲ့သည်။
အိုဘားမား၏ယခင်က ပြဋ္ဌာန်း ခဲ့သော ဗီတိုအာဏာ ၁၁ ခုလုံးကို ကွန်ဂရက်က လက်ခံအတည်ပြုခဲ့ သော်လည်း ယခုအခါမှာတော့ ကွန်ဂရက်ရှိ ၄င်း၏ ဒီမိုကရက်တစ် အဓိက ထောက်ခံအားပေးသူများ သည် ရီပတ်ဘလစ်ကန်များနှင့် ပေါင်းကာ သမ္မတသက်တမ်းမကုန်မီ ၄င်း၏နောက်ဆုံး ဆောင်ရွက်ချက်များ ထဲမှတစ်ခုဖြစ်သည့် ထိုကိစ္စအား ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။
''သမ္မတရဲ့ ဗီတိုအာဏာကို ကျွန်တော်တို့အနေနဲ့ သိပ်မပယ်ချ ချင်ပါဘူး။ ဒါပေမယ့် ဒီလိုမျိုး ၉/၁၁ မိသားစုဝင်များကို တရားမျှတမှု ဖြစ်စေချင်တဲ့ ကိစ္စမှာကျတော့ အရေးကြီးတယ်''ဟု ဆီနိတ်တာ ချားစ် စကမ်မာက ပြောကြားခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment