Friday, September 30, 2016

မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုကို ချိုးဖောက်သည့်သံသယရှိမှုဖြင့် တရုတ်ကုမ္ပဏီနှင့် အမှုဆောင်အရာရှိများအား အမေရိကန်အရေးယူ


Image may contain: sky, ocean, outdoor and water
ဝါရှင်တန် စက်တင်ဘာ ၂၉ 

တရုတ်ကုမ္ပဏီများနှင့် အမှုဆောင်အရာရှိများအား မြောက် ကိုရီးယားအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု ချိုးဖောက်သည့် သံသယရှိမှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် အရေးယူပိတ်ဆို့ရေးမူဝါဒဆိုင်ရာ နိုင်ငံခြား ရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ စေ့စပ်ညှိနှိုင်းရေးမှူး ဒန်နီရယ်ဖရိုင်းက အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ အထက် လွှတ်တော် နိုင်ငံခြားဆက်ဆံရေးပူးတွဲကော်မတီကို ယင်းကိစ္စ နှင့်ပတ်သက်ပြီး စစ်ဆေးနေကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်က ချမှတ် ထားသည့် အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်မှုနှင့် ပတ်သက်ပြီး ဖြစ်နိုင်သည့် မျှော်မှန်းချက်များအပေါ် သေချာ စွာလေ့လာမှုပြုပြီးမှ ထိုသို့အရေးယူမှုပြုလုပ်ခြင်းဖြစ်ကြောင်း ဖရိုင်းက ပြောကြားခဲ့သည်။
ပြုံယမ်းအပေါ် အမေရိကန်ကချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်မှုနှင့် ပတ်သက်ပြီး တရုတ် ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုနှင့် ယင်းကုမ္ပဏီမှ အမှုဆောင် အရာရှိလေးဦးတို့ကို ပြစ်မှုဆိုင်ရာအရေးယူမှုများနှင် ပြစ်ဒဏ် ချမှတ်မှုများ ပြုလုပ်ခဲ့ကြောင်း တနင်္လာနေ့က ကြေညာခဲ့ သည်။
ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့် အမေရိကန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ကုလသမဂ္ဂ၏အရေးယူပိတ်ဆို့မှုများကို လိုက်နာခြင်းမရှိဘဲ ရှောင်တိမ်းနေသည့် တရုတ်ကုမ္ပဏီ များအား အရေးယူပိတ်ဆို့မှုပြုလုပ်ချင်နေကြောင်း ဖော်ပြ လိုက်ခြင်းပင်ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်ကို ဖိအားပေးရန် ရီပတ်ဘလစ်ကန်ဥပဒေပြုသူများကြား တောင်းဆိုမှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment