Saturday, September 3, 2016

ပုဂံဒေသရှိ ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အလှူငွေများပေးအပ်လှူဒါန်း


Image may contain: 16 people
နေပြည်တော် စက်တင်ဘာ ၂
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ်ဘုရားစေတီ ပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ် ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါန ခေါင်းစဉ်မှ လှူဒါန်းငွေကျပ် ၆၄၈ဝဝဝဝနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၆ ဦး၏ နေ့တွက် စရိတ် တစ်ရက်စာစုပေါင်းလှူဒါန်းငွေကျပ် ၈၅၂ဝဝဝဝ စုစုပေါင်းကျပ်သိန်း ၁၅ဝ ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံရယူသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment